တိဗက်တစ်ဝန်း၌ တရုတ်က DNA အတင်းအကျပ်စုဆောင်းမှုအပေါ် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်

တိဗက်တစ်ဝန်း၌ တရုတ်က DNA အတင်းအကျပ်စုဆောင်းမှုအပေါ် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်

တရုတ်အစိုးရသည် တိဗက်လူမျိုးများအပေါ် ဖိနှိပ်မှုနှင့်ပတ်သက်၍ အဆုံးစွန်ထိ လုပ်ဆောင်နေသလို စောင့်ကြည့်ရေးအတိုင်းအတာအားကောင်းစေရန် ကာယကံရှင်သဘောတူညီမှုမရှိဘဲ DNA နမူနာများကို စုဆောင်းနေခြင်းက လိုအပ်လျှင် ထို့ထက်ပို၍ပင်လုပ်ဆောင်သွားဖွယ်ရှိကြောင်း သက်သေပြနေသည်။

တရုတ်အာဏာပိုင်များသည် တိဗက်လူမျိုးများ၊ ကလေးများနှင့် အရွယ်ရောက်ပြီးသူများ၏ DNA နမူနာများကို ၎င်းတို့၏သဘောဆန္ဒမပါဘဲ စုဆောင်းနေပုံရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာသစ်တစ်ရပ်၌ ဖော်ပြထားသည်။

ဒေသအတွင်း ရာဇဝဝတ်မှုစုံစမ်းစစ်ဆေးခြင်းဟူသော အကြောင်းပြချက်အောက်၌ DNA အချက်အလက် အစုလိုက် အပြုံလိုက်စုဆောင်းသည့် သက်သေများ အစီရင်ခံစာတွင် ပါဝင်ကြောင်း The Geneva Dailyသတင်းတွင် ဖော်ပြထားသည်။

တရုတ်သည် ၁၉၅၀ ပြည့်နှစ်အလွန်တွင် တိဗက်ကို တရားမဝင်သိမ်းပိုက်ပြီးနောက်ပိုင်း အပြည့်အဝ တရုတ်ဇာတ်သွင်းရန် အမြဲစဉ်းစားနေခဲ့သည်။ DNA အချက်အလက်များကို ဆွေမျိုးနှင့် သွေးသားမတော်စပ်မှုကို ခွဲခြားသတ်မှတ်ခြင်းနှင့် လွဲမှားသော စီရင်ချက်ချနိုင်မှုအန္တရာယ်အပါအဝင် အစိုးရစောင့်ကြည့်ရေးအတွက် တလွဲအသုံးပြုနိုင်သည့် အလားအလာ ရှိကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးက ကိုယ်ရေးအချက်အလက် လုံခြုံမှုအခွင့်အရေးနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

လူ့အခွင့်အရေးအဖွဲ့အစီရင်ခံစာတွင် နီမိုကောင်တီမှ တွေ့ရှိချက်များအကြောင်း ပါဝင်သည်။ ထိုဒေသတွင် တရုတ်အာဏာပိုင်များက မူကြိုကျောင်း ၃ ခုရှိ ကလေးများထံမှ DNA များ စုဆောင်းခဲ့ပြီး ထိုသို့သော အနုစိတ်သည့်ကိစ္စအတွက် မိဘများအား အကြောင်းကြားခြင်း သို့မဟုတ် သဘောတူညီချက် ယူခြင်း ရှိ မရှိကိုလည်း မသိရသောကြောင့် အငြင်းပွားဖွယ်ကိစ္စတစ်ခုဖြစ်လာခဲ့သည်ဟု The Geneva Daily သတင်းတွင် ရေးသားထားသည်။

တရုတ်ရဲများသည် လွန်ခဲ့သော ၆ နှစ်အတွင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် DNA နမူနာ ၉၂၀ ၀၀၀ မှ ၁ ဒသမ ၂ သန်းအကြား စုဆောင်းခဲ့ကြောင်း Citizen Lab သုတေသအဖွဲ့တွေ့ရှိချက်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တိဗက်ရေးရာအမေရိကန်အထူးညှိနှိုင်းရေးမှူး အုဇရာဇီယျာက “တိဗက်တစ်လွှားမှာ အသက် ၅ နှစ်အရွယ်ကစလို့ ကလေးတွေဆီကနေ အတင်းအကျပ် DNA အစုလိုက်အပြုံလိုက်ကောက်ခံတဲ့အကြောင်း ဖော်ပြထားတဲ့ တလောက ထွက်ရှိခဲ့တဲ့ အစီခံစာတွေကြောင့် အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်။ ဒီလို ဖိနှိပ်တဲ့မူဝါဒတွေကို ရပ်တန့်ပြီး တိဗက်လူမျိုးတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ တရုတ်အစိုးရကို တောင်းဆိုပါတယ်” ဟု တွစ်တာ၌ ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required