ပါကစ္စတန်နိုင်ငံသည် စီးပွားရေးအရသာမက၊ လူမှုရေးအရပါ ပြိုလဲလုနီးပါး အခြေအနေတွင် ရောက်ရှိနေသလို အမြင်သဘောထားမတူကွဲလွဲမှုဆိုင်ရာ ထုတ်ဖော်သံများကလည်း အားကောင်းလာနေသည်။
စစ်တပ်နှင့် တင်းကျပ်သော အစ္စလမ္မစ် ဘာသာရေး အယူဝါဒီများက အလုံးစုံထိန်းချုပ်ထားသည့် နိုင်ငံတစ်နိုင်ငံတွင် အဆိုးဆုံးသော လူ့အခွင့်အရေး ပြစ်မှုတချို့ကို ကျူးလွန်လျက် ရှိသည်။
ပါကစ္စတန်၏ ပြည်နယ်သုံးခုဖြစ်သော ဆင်းဒ်၊ ဘာလိုချီစတန်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါတို့သည် စီးပွားရေးအရ မဖွံ့ဖြိုးသေးသည့် အခြေအနေတွင် ဆက်ရှိနေသလို ဆင်းရဲမွဲတေမှုနှင့် အာဟာရ ချို့တဲ့မှုတို့လည်း ရှိနေသည်။
ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန် အစိုးရဘက်က အားထုတ်မှု တစုံတရာ လုပ်ဆောင်မည့်ပုံလည်း မပေါ်ပေ။
မိမိတို့၏ အခြေခံအခွင့်အရေးများကို တောင်းဆိုသည့် ရဲရင့်သော လူပုဂ္ဂိုလ်များသည် လုံခြုံရေးအေဂျင်စီများနှင့် တင်းကျပ်သော အစ္စလမ္မစ် ဘာသာရေး အယူဝါဒီများ၏ လက်ထဲတွင် ဖိနှိပ်ခံနေရသည်။