တရုတ်စီးပွားရေးပြဿနာများက ရှီကျင့်ဖျင်၏ ဩဇာလွှမ်းမိုးမှုမြှင့်တင်ရေးအတွက် အဟန့်အတားဖြစ်နိုင်

တရုတ်စီးပွားရေးပြဿနာများက ရှီကျင့်ဖျင်၏ ဩဇာလွှမ်းမိုးမှုမြှင့်တင်ရေးအတွက် အဟန့်အတားဖြစ်နိုင်

ရှီကျင့်ဖျင်၏ တတိယမြောက် အာဏာသက်တမ်းကို အတည်ပြုရန် ပြင်ဆင်နေသည့် ကွန်မြူနစ်ပါတီ၏ အမျိုးသားညီလာခံ စတင်သည့်ကာလတွင် အိမ်ရာကဏ္ဍနှင့် စီးပွားရေးဆိုင်ရာယုံကြည်မှုများ ထိုးကျလာသောကြောင့် တရုတ်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အခက်ခဲဆုံးကာလများနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးကိန်းဂဏန်းအချက်အလက်များက အားနည်းနေသော စီးပွားရေးကို ပြသနေပြီး ကိုဗစ် ကူးစက်မှုတိုက်ဖျက်ရေးအတွက် ရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေးနည်းလမ်းနှင့် အိမ်ခြံမြေကဏ္ဍကြွေးမြီအပေါ် ချေမှုန်းမှုများ၏ အကျိုးဆက်များကြောင့်ဖြစ်သည်။

စက်တင်ဘာလအတွက် စားသုံးသူဈေးဆနှုန်းကိန်းဂဏန်းများအရ ဝယ်လိုအားများ ကျဆင်းလာမှုနှင့်အတူ စီးပွားရေး၌ ငွေကြေးသုံးစွဲမှုကျဆင်းခြင်းဖြစ်နိုင်ခြေ များလာစေခဲ့သည်။

"ဆယ်စုနှစ်များအတွင်း တရုတ်ကြုံတွေ့ခဲ့ရသော အရိုက်ခတ်ဆုံးစီးပွားရေးကို ရှီအနေဖြင့် တုံ့ပြန်ရန် လိုအပ်သည်" ဟု ဂျာမနီနိုင်ငံ Mercator Institute for China Studies မှ အကြီးတန်းစီးပွားရေးသုံးသပ်သူ ဂျက်ကော့ကန်တာက ပြောကြားခဲ့သည်။

အလုပ်အကိုင်ဈေးကွက်အတွက် ပြည်သူများ၏ မျှော်လင့်ချက်မှာလည်း တတိယ ၃ လပတ်တွင် စံချိန်တွင် ကျဆင်းခဲ့သလို သုံးစွဲရန် တွန့်ဆုတ်နေမှုကြောင့် ဘဏ်စုငွေများမှာ ၂၀၂၁ ခုနှစ်ကနှင့်နှိုင်းယှဉ်လျှင် ၅၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယုံကြည်မှုအတိုင်းအတာမှာ စိုးရိမ်စရာဖြစ်လာသည်။

စီးပွားရေးလုပ်ငန်းများသည် ယုံကြည်မှု နည်းပါးနေပြီး ဝန်ထမ်းခန့်အပ်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်လျက်ရှိကြောင်း စစ်တမ်းများက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required