တရုတ်အစိုးရအဖွဲ့အပြောင်းအလဲတွင်လစ်ဘရယ်ဖြစ်သည့်ဝမ်ယန်က ဝန်ကြီးချုပ်ဖြစ်လာဖွယ်ရှိ

တရုတ်အစိုးရအဖွဲ့အပြောင်းအလဲတွင်လစ်ဘရယ်ဖြစ်သည့်ဝမ်ယန်က ဝန်ကြီးချုပ်ဖြစ်လာဖွယ်ရှိ

ဝမ်ယန်သည်တရုတ်၏စီးပွားရေးအကြီးမားဆုံးပြည်နယ်ဖြစ်သည့်ကွန်တုံပြည်နယ်၏တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲဖြစ်ခဲ့စဉ်ကရှီကျင့်ဖျင်အာဏာရလာကတည်းကမတွေ့မြင်ရသောလစ်ဘရယ်လမ်းကြောင်းကိုဖော်ပြခဲ့ ပြီးယခုဆိုလျှင်၎င်းသည်ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့်အလားအလာများနေသည်။

ဟောင်ကောင်နှင့်နယ်နိမိတ်ချင်းထိစပ်နေသောကွမ်တုံပြည်နယ်ကိုတာဝန်ယူခဲ့ချိန်ကဝမ်သည်စက်မှုလုပ်ငန်းများအဆင့်မြှင့်တင်ရန်နှင့်လူမှုရေးအကျိုးပြုသည့်မူဝါဒများကိုဖော်ဆောင်ခြင်းဖြင့်ထင်ရှားလာခဲ့သည်။

၂၀၁၁ခုနှစ်နှောင်းပိုင်းကဝူခန်ရွာမြေယာသိမ်းယူမှုများနှင့်ပတ်သက်၍အငြင်းပွားမှုတွင်ဝမ်ကအကျင့်ပျက်ခြစားသောအရာရှိများကိုထုတ်ပယ်ခဲ့ပြီး၊နွေဦးပေါက်တွင်ကျင်းပသည့်အောက်ခြေအဆင့်ရွေးကောက်ပွဲများတွင်ပါဝင် ယှဉ်ပြိုင်ရန် ဆန္ဒပြခေါင်းဆောင်များကိုခွင့်ပြုပေးခဲ့သဖြင့်နိုင်ငံတကာ၏ချီးကျူးမှုများရရှိခဲ့သည်။

သို့သော်လွန်ခဲ့သည့်ဆယ်စုနှစ်ရှီခေါင်းဆောင်ဖြစ်လာပြီးတရုတ်ကိုပိုမိုအာဏာရှင်ဆန်သောလမ်းကြောင်းပေါ်ချမှတ်ပြီးနောက်မီဒီယာများနှင့်အလုပ်သမားအဖွဲ့များအပါအဝင်အရပ်ဘက်လူမှုအဖွဲ့အစည်းများအပေါ်တားမြစ်မှုများထပ်မံချမှတ်ခဲ့သဖြင့်နောက်ပိုင်းတွင်ကွန်တုံပြည်နယ်ရှိလစ်ဘရယ်လှုပ်ရှားမှုအချို့သည်နောက်ပြန်ဆုတ်သွားခြင်းသို့မဟုတ်ဖျက်သိမ်းခံခဲ့ရသည်။ .

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့်တရုတ်၏အဓိကလူအဖြစ်မတ်လတွင်ဝန်ကြီးချုပ်လီခါ့ချင်ရာထူးမှ နုတ်ထွက်ချိန်တွင်ယင်းနေရာကိုဆက်ခံမည့်ထိပ်တန်းကိုယ်စားလှယ်လောင်းများထဲတွင်အသက်၆၇နှစ်အရွယ်ဝမ်သည်ပါဝင်လာခဲ့သည်။

ဝန်ကြီးချုပ်ရာထူးသည်ခေါင်းဆောင်မှုအဆင့်တွင်နံပါတ်၂ဖြစ်သော်လည်း၊ရှီကအာဏာကိုစုစည်းပြီးစီးပွားရေး စီမံခန့်ခွဲမှုတွင် ပိုမိုတင်းကျပ်စွာချုပ်ကိုင်ထားမှုကြောင့်ဩဇာကျဆင်းလာသည်ဟ ုရှုမြင်ကြသည်။

ရှီသည်အောက်တိုဘာ၁၆ရက်တွင်စတင်မည့်ကွန်မြူနစ်ပါတီကွန်ဂရက်တွင်တတိယအကြိမ်၅နှစ်သက်တမ်းကိုရယူခြင်းဖြင့်ယခင်ထုံးတမ်းအစဉ်လာများကိုပယ်ဖျက်နိုင်သည်။

တစ်ကိုယ်တော်မိခင်နှင့်မိသားစုကိုထောက်ပံ့ရန်ဆယ်ကျော်သက်အရွယ်တွင်အစားအသောက်စက်ရုံတွင်လုပ်ကိုင်ခဲ့သူဝမ်အားနောက်ပိုင်းတွင်ထိပ်တန်းခေါင်းဆောင်တိန့်ရှောင်ပင်ကသဘောကျခဲ့ပြီးသမ္မတဟောင်းဟူကျင်တောင်နှင့်ရင်းနှီသောဆက်ဆံရေးများရှိခဲ့သည်။

၂၀၁၇ခုနှစ်တွင်သူသည်ပါတီ၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့သို့ရာထူးတိုးမြှင့်ခံရပြီးအဖွဲ့ဝင်၇ဦးတွင်စတုတ္ထအဆင့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly