သမ္မတရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက်ညီလာခံတွင် စီးပွားရေးတိုးတက်မှု များစွာ တင်ပြစရာမရှိ

သမ္မတရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက်ညီလာခံတွင် စီးပွားရေးတိုးတက်မှု များစွာ တင်ပြစရာမရှိ

တရုတ်နိုင်ငံသည် ဘဏ္ဍာရေးအကျပ်အတည်းကို အဆက်မပြတ် ရင်ဆိုင်နေရသောကြောင့် သမ္မတရှီကျင့်ဖျင်သည် အောက်တိုဘာ ၁၆ ရက်တွင်စတင်မည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ညီလာခံ၌ ပါတီ၏တိုးတက်မှုကို စီးပွားရေးအားဖြင့် အမွှမ်းတင်၍ ရနိုင်ဖွယ်မရှိကြောင်း Financial Postက ဖော်ပြသည်။

တရုတ်စီးပွားရေးသည် ဆိုးဆိုးရွားရွားကျဆင်းသောဖိအားများနှင့် အချိန်တိုတိုအတွင်း ကျော်လွှား၍မရနိုင်သည့် ပြဿနာများစွာကို ရင်ဆိုင်နေရသည်ဟု Financial Post က ဆိုသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် အသွားအလာပိတ်ဆို့မှုများ၊ အိမ်ခြံမြေဈေးကွက်အတွင်း အဂတိလိုက်စားမှုနှင့် အကျပ် အတည်းများကို အာဏာပိုင်များက အသည်းအသန်တိုက်ဖျက်မှုတို့ကြောင့် တရုတ်၏စီးပွားရေး ပြိုလဲသွား နိုင်သည်" ဟု လေ့လာသူအများအပြားက မှတ်ချက်ပြုသည်။

ရှီသည် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေးမိန့်ခွန်း၌ တရုတ်စီးပွားရေးသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကိုသာမက ကိုဗစ်-၁၉ ကပ်ရောဂါကိုပါ တွန်းလှန်နိုင်ခဲ့ကြောင်းနှင့် ကျိုးကြောင်းဆီလျော်သော တိုးတက်မှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ခဲ့ကြောင်း ပြောဆိုလိမ့်မည်ဟု မျှော်လင့်ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

သို့သော် ယခင်ကွန်ဂရက်များနှင့်မတူစွာ ယခုတစ်ခေါက်တွင် စီးပွားရေးအတွက် ကြွးလုံးထုတ်စရာမရှိကြောင်း Financial Post က ဖော်ပြသည်။

တရုတ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်တွင် လွန်ခဲ့သည့်နှစ်ကထက် တိုးတက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဆယ်စုနှစ် သုံးခုအတွင်း အနိမ့်ဆုံးတိုးတက်မှုဖြစ်သည်။လက်လီရောင်းချမှုမှာလည်း ဧပြီလတွင် ၁၁ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ပထမနှစ်ဝက်တွင် ယခင်နှစ်ထက် ၀ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒများကြောင့် နိုင်ငံ၏အိမ်ခြံမြေဈေးကွက် ထိုးကျကာ စားသုံးသူများ၏ အသုံးစရိတ်များ နည်းပါးလာစဉ်တွင် တရုတ်ရှိ ဥရောပကော်ပိုရိတ်ရင်းနှီးမြှုပ်နှံမှုများ ဆုတ်ယုတ်လာသလို ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုမှာ တုံ့ဆိုင်းလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required