ဂျမူး-ကက်ရှ်မီးယားဒေသတွင် ပိုးစာပင် စိုက်ပျိုးရေးလုပ်ငန်း တိုးတက်စေရန် အိန္ဒိယအစိုးရက နှစ်ရှည် စီမံကိန်းဖြင့် ဆောင်ရွက်နေ

ဂျမူး-ကက်ရှ်မီးယားဒေသတွင် ပိုးစာပင် စိုက်ပျိုးရေးလုပ်ငန်း တိုးတက်စေရန် အိန္ဒိယအစိုးရက နှစ်ရှည် စီမံကိန်းဖြင့် ဆောင်ရွက်နေ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက ဒေသတွင်း ပိုးစာပင် စိုက်ပျိုးရေး လုပ်ငန်း ပြန်လည်ထွန်းကားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စီမံကိန်း ချမှတ်ကာ လုပ်ဆောင်လျက်ရှိသည်။

စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးအတွက် အနာဂတ်လမ်းပြမြေပုံနှင့် ဆက်စပ်ကဏ္ဍများသည် ကမ္ဘာ့ဈေးကွက်မှ လိုအပ်ချက် မြင့်တက်လာချိန်တွင် အရည်အသွေးရော အရည်အတွက်ပါ ပိုမိုတိုးတက်လာနိုင်စေမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

လက်ထောက်အုပ်ချုပ်ရေးမှူး မနော့ဆင်းက ပိုးချည်လုပ်ငန်းနှင့်ဆက်နွှယ်သူများအနေဖြင့် အတိတ်မှာ ပုံစံများကို ချန်ရစ်ကာ အနာဂတ်အတွက် လုပ်ကိုင်ကြရန် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ချည်ထည်တွေပိုကောင်း၊ ပိုလှ၊ ဖန်တီးမှု ပိုကောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒီကုန်ပစ္စည်းက ဂျမူး-ကက်ရှ်မီယားရဲ့ အဓိကထုတ်ကုန်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ လမ်းညွှန်ချက်အရ အစိုးရအနေဖြင့် ပိုးစာပင် စိုက်ပျိုးရေးစနစ် ပြောင်းလဲရေးအတွက် သင်တန်းများ၊ နည်းပညာ၊ အိုင်တီပစ်စည်းများနှင့် အခြား အခြေခံအဆောက်အဦဆိုင်ရာ ကူညီမှုများပေးနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း ဆင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required