ပါကစ္စတန် ကက်ရှ်မီးယားသို့ အမေရိကန်သံအမတ်သွားခြင်းအပေါ် အိန္ဒိယ ကန့်ကွက်

ပါကစ္စတန် ကက်ရှ်မီးယားသို့ အမေရိကန်သံအမတ်သွားခြင်းအပေါ် အိန္ဒိယ ကန့်ကွက်

အမေရိကန်သံအမတ်ကြီးက ပါကစ္စတန်နိုင်ငံလက်အောက်ရှိ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ (PoJK) သို့ ယခုသီတင်းပတ်အစောပိုင်းက သွားရောက်ခဲ့ခြင်းအပေါ် အိန္ဒိယအစိုးရက အမေရိကန်အစိုးရသို့ တရားဝင် ကန့်ကွက်လိုက်သည်။

အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရအရာရှိ အာရင်ဒမ်ဘက်ချီက အောက်တိုဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် “ပါကစ္စတန်ရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသကို

ပါကစ္စတန်နို်ငငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သွားရောက် ဆွေးနွေးမှုနဲ့ပတ်သက်လို့ အမေရိကန်အစိုးရကို တရားဝင် ကန့်ကွက်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်သံအမတ်ကြီး ဒေါ်နယ်ဘလိုမေးသည် PoJK သို့ အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ သွားရောက်ခဲ့သည်။

အိန္ဒိယက ပါကစ္စတန်တို့ လက်ရှိ အုပ်ချုပ်နေသည့် နယ်စပ်ထိန်းချုပ်မျဉ်းအတွင်းပိုင်းမှ နယ်မြေအပါအဝင် ကက်ရှ်မီးယားဒေသတစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

အမေရိကန်သံအမတ်ကြီး အဆိုပါခရီးစဉ်အား သူ၏တွစ်တာ၌ ဖော်ပြရာတွင် Azad Jammu and Kashmir (AJK) ဆိုသည့် စာလုံးကို အကြိမ်များစွာ အသုံးပြုခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရက ၎င်း၏ နိုင်ငံသားများအနေဖြင့် အိန္ဒိယတွင် ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများကြောင့် ပိုမိုသတိရှိစွာ သွားလာကြရန်နှင့် ဂျမူးနှင့် ကက်ရှ်မီးယားသို့ မသွားကြရန်လည်း အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required