တောင်အမေရိကရှိ တရုတ်၏အာကာသဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ပတ်သက်၍ အမေရိကန်စိုးရိမ်

By Space News
10 October 2022
တောင်အမေရိကရှိ တရုတ်၏အာကာသဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ပတ်သက်၍ အမေရိကန်စိုးရိမ်

တောင်အမေရိကတွင် တရုတ်မြေပြင်စခန်းများတိုးချဲ့မှုကြောင့်ဒေသတွင်းနှင့် အာကာသအတွင်းတရုတ်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေကြောင်း အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြထားသည်။

"ဝင်ငွေအလယ်အလတ်စီးပွားရေးအဆင့်ရှိကမ္ဘာ့နိုင်ငံများအတွက်အာကာသကဏ္ဍတွင်တရုတ်ကထိပ်တန်း အာကာသအင်အားကြီးနိုင်ငံနှင့်ရွေးချယ်စရာမိတ်ဖက်ဖြစ်လာရေးအတွက်တောင်အမေရိကရှိ တရုတ် အာကာသကွန်ရက်သည် တရုတ်၏ ပိုမိုကျယ်ပြန့်သောတွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်" ဟု မဟာဗျူနှင့်နိုင်ငံတကာလေ့လာရေးစင်တာမှ အောက်တိုဘာ၄ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကွန်ရက်သည်အရပ်ဘက်အသုံးပြုမှုအတွက်ဖြစ်သော်လည်းအမေရိကန်နှင့်အခြားနိုင်ငံများ၏အာကာသယာဉ်ကိုစူးစမ်းရန်၊စောင့်ကြည့်ရန်နှင့်ပစ်မှတ်ထားရန်အသုံးပြုနိုင်သည်ဟု ယင်းကဆိုသည်။

အာဂျင်တီးနား၊ဘရာဇီး၊ဗင်နီဇွဲလားအပါအဝင်နိုင်ငံများတွင်တရုတ်၏မြေပြင်စခန်းတည်ရှိမှုအပြင်ချီလီရှိဆွီဒင်အာကာသကော်ပိုရေးရှင်း (SSC) က ပံ့ပိုးပေးထားမှုများကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။ ယင်းတွင်အဆောက်အအုံများကိုဖော်ပြရန်ဂြိုဟ်တုပုံရိပ်များကိုလည်းအသုံးပြုထားသည်။

အာကာသအတွက်ကြိုးပမ်းသည့်နိုင်ငံများအတွက်မြေပြင်စခန်းများသည်အရေးကြီးသည်။အာကာသယာဉ်များ လည်ပတ်ရန်၊အမိန့်ပေးမှုများနှင့်အချက်အလက်များဖလှယ်ရာတွင်လွယ်ကူချောမွေ့စေရန်ယင်းအဓိကအခြေခံအဆောက်အအုံလိုအပ်သည်။

ယင်းတို့၏ အရေးပါမှုကြောင့်ပြိုင်ဘက် အာကာသအင်အားကြီးနိုင်ငံများအတွက် ယှဉ်ပြိုင်မှုများသည့် နယ်ပယ်တစ်ခုဖြစ်လာဖွယ်ရှိနေသည်။

အာဂျင်တီးနားရှိ Neuquenကဲ့သို့သော တရုတ်အခြေစိုက်စခန်းအချို့သည်China Deep Space Network ၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီးChang'e-5နှင့်Tianwen-1ကဲ့သို့သော လနှင့် ဂြိုဟ်များအကြား ခရီးစဉ်များအတွက် ကူညီ ပံ့ပိုးပေးနေသည်။

တရုတ်တွင်မြေပြင်အခြေစိုက်ကွန်ရက်တစ်ခုအပြင်နမ်မီးဘီးယားအပါအဝင်နေရာများစွာတွင်အခြေစိုက်စခန်းများတည်ရှိသော်လည်းတောင်အမေရိကရှိအခြေခံအဆောက်အအုံများသည်ကမ္ဘာအစိတ်အပိုင်းကိုလှည့်ပတ်နေချိန် တွင်အာကာသယာဉ်နှင့်ချိတ်ဆက်မှုအဆင်ပြေစေရေးအတွက်အရေးကြီးလှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly