ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရွာတွင် လူသတ်မှုဖြစ်ပွား

ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရွာတွင် လူသတ်မှုဖြစ်ပွား

OCTOBER 13

မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုး(မြောက်)ရွာတွင် ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက နေအိမ်အတွင်းထိုးသွင်းဒဏ်ရာများဖြင့် လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကနဦး သတင်းများအရ သူခိုးဝင်ခိုးရာမှ နေအိမ်ပိုင်ရှင်အမျိုးသား အသတ်ခံရခြင်း ဖြစ်ကြောင်း သိရှိရသော်လည်း ဖြစ်စဉ်အသေးစိတ်ကိုမူ မဇ္ဈိမမှ ဆက်လက်စုံစမ်းလျက်ရှိသည်။

အခင်းဖြစ်စဉ်တွင် လူတစ်ဦးထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေပြီး ကျန်လူသုံးဦးမှာလည်း ဒဏ်ရာများဖြင့် လဲကျနေ၍ ၎င်းတို့ကို ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှု အသင်းက ဖော်ပြထားသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း စည်ကားကျေးရွာကြက်ခြံတစ်ခုတွင် ငါးလောင်း ပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည်။

Photo ပြင်ဦးလွင်(အခမဲ့)နာရေးကူညီမှုအသင်း

စာတည်း။ ။မောင်ကောင်း

#ပြင်ဦးလွင်မြို့နယ်

#ရေချမ်းအိုးရွာ

#လူသတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly