အစိုးရဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုနှင့် ငွေကြေးခဝါချမှုတို့ကြောင့် ဟောင်ကောင် ရေဒီယိုအစီအစဉ်တင်ဆက်သူ ထောင်ဒဏ် ၃၂ လချမှတ်ခံရ

အစိုးရဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုနှင့် ငွေကြေးခဝါချမှုတို့ကြောင့် ဟောင်ကောင် ရေဒီယိုအစီအစဉ်တင်ဆက်သူ ထောင်ဒဏ် ၃၂ လချမှတ်ခံရ

ထင်ရှားသည့် အွန်လိုင်းရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦးကို ဟောင်ကောင် တရားရုံးက အစိုးရဆန့်ကျင်ရေးနှင့် ငွေကြေးခဝါမှုတို့ကြောင့် အောက်တိုဘာ ၇ ရက်တွင် ထောင်ဒဏ် ၂ နှစ် ၈ လချမှတ်လိုက်သည်။ 

DJ အမည် ဂစ်ဟု ခေါ်သည့် အက်ဒ်မွန်ဝမ်ယုဆင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အဖမ်းမခံရမီက ပုဂ္ဂလိက အွန်လိုင်းရေဒီယိုဌာနဖြစ်သည့်  D100 တွင် ဟောင်ကောင်နှင့် တရုတ်နိုင်ငံရေးတို့အကြောင်းကို တင်ဆက်ပေးခြင်း သုံးသပ်ပေးခြင်းများ လုပ်ကိုင်ခဲ့သည်။   သူသည် ယခင်က RFA သတင်းဌာန၏ ကန်တုံဘာသာဌာနတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့ဖူးသည်။

တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင့်ရန်၊ ဖြုတ်ကျရန် သွေးထိုးလှုံ့ဆော်သည့် အစီအစဉ်များကို ဝမ်က တင်ဆက်ခဲ့ သလို ဟောင်ကောင်၏ လွတ်လပ်ရေးကို တိုက်တွန်းအားပေးကြောင်း အာဏာပိုင်များက စွပ်စွဲခဲ့သည်ဟု Hong Kong Free Press ပုဂ္ဂလိက သတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်းက လေလှိုင်းမှ ပြုလုပ်ခဲ့သည့် မှတ်ချက်များတွင် သွေးထိုးလှုံ့ဆော်သည်ဟု စွဲဆိုချက်ကို အပြစ်ရှိကြောင်းနှင့် ပြည်သူ့ရန်ပုံငွေ လွှဲပြောင်းရာတွင် ငွေကြေးခဝါချမှု ပြုလုပ်ခဲ့သည့်ဆိုသော စွဲချက်များကို ဝမ်က ဝန်ခံခဲ့သည်။ အပြန်အလှန်အဖြစ် အခြားအမှ။  ၄ မှုကို မှတ်တမ်းအဖြစ်သာ သိမ်းထားပေးခဲ့သည်။ 

အမှုဆောင်အရာရှိ ကယ်ရီလန်းက အစိုးရအနေဖြင့် ကိုလိုနီခေတ်က သွေးထိုးလှုံ့ဆော်မှု ဥပဒေ ၊ စာနယ်ဇင်း လုပ်ငန်းများအပေါ် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများနှင့် ပတ်သက် လက်စားခြေအရေးယူမှုကို ရပ်ဆို်ငးသင့်ပြီ ဖြစ်ကြောင်း ပြောကြားသည်။

အာဏာပို်ငများက ဝမ်အား ထောင်ဒဏ်အပြင် ၎င်းပိုင်ဆိုင်မှုထဲမှ ဟောင်ကောင်ဒေါ်လာ ၄ ဒသမ၈၇ သန်း)   (ကန်ဒေါ်လာ ၆၂၀၀၀၀) နှင့်ညှီမျှသည့် ပိုင်ဆိုင်မှု ကို ပြန်လည်ပေးရမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required