ဗီယက်နမ်က ခရီးသွားရေတံခွန်တွင် ဗြိတိန်သုံးဦး သေဆုံးလျက်တွေ့ရှိ

ဗီယက်နမ်က ခရီးသွားရေတံခွန်တွင် ဗြိတိန်သုံးဦး သေဆုံးလျက်တွေ့ရှိ

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ။              ။ ဗီယက်နမ်နိုင်ငံရှိ စွန့်စားခရီးသွားလိုသူများ လာရောက်မှုများရာအရပ်ရှိ ရေတံခွန်တစ်ခုအနီး ဗြိတိန်ကမ္ဘာလှည့် ခရီးသည်သုံးဦးသေဆုံးနေသည်ကို တွေ့ရှိကြောင်း ရဲက ပြောသည်။

တောင်ထူထပ်ရာ ဒါလက်မြို့အပြင်ဖက် ရေတံခွန်အနီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ မည်သို့သေဆုံးရကြောင်းကို လတ်တလော မသိရသေးပေ။

"သူတို့သုံးဦး ဘာကြောင့် သေဆုံးရတယ်ဆိုတာကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။"ဟု ဒါလက်မြို့ရဲဌာနလက်ထောက်အကြီးအကဲ ဘိုင်ဒက်ရိုက အေအက်ဖ်ပီသို့ ပြောသည်။

သေဆုံးသူ ဗြိတိန်နိုင်ငံသားများက အသက် ၂၅ နှစ်နှင့် အသက် ၁၉ နှစ်ရှိ အမျိုးသမီးနှစ်ဦးမှာ လအစက ဗီယက်နမ်နိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း ရဲတာဝန်ရှိသူက ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းကလည်း ဗြိတိန်သိပ္ပံပညာရှင်တစ်ဦး ဗီယက်နမ်အတွင်း ပျောက်ဆုံးခဲ့ကာ လုံးလုံး တွေ့ရှိခြင်းမရှိတော့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly