ဖျော်ဖြေပွဲအတွက် စင်္ကာပူနိုင်ငံသို့ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် မက်ဒေါနား သွားရောက်မည်

ဖျော်ဖြေပွဲအတွက် စင်္ကာပူနိုင်ငံသို့ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် မက်ဒေါနား သွားရောက်မည်

စင်္ကာပူ၊ ဖေဖော်ဝါရီ ၂၆ ။             ။ ကမ္ဘာကျော်အဆိုတော် မက်ဒေါနားသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် စင်္ကာပူနိုင်ငံသို့ ဖေဖော် ဝါရီ ၂၆ ရက် ည ၉ နာရီအချိန်ခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် စင်္ကာပူနိုင်ငံတွင် ပထမဆုံးအ ကြိမ် ပြုလုပ်မည့် ၎င်း၏ ဖျော်ဖြေပွဲအတွက် အငြင်းပွားမှုများ ဆက်လက် ကြုံတွေ့နေရကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

မက်ဒေါနားသည် ဆန်တိုဆာကျွန်းရှိ Capella Singapore ဟိုတယ်တွင် တည်းခိုရန် စီစဉ် ထားကြောင်း သတင်းအရင်းမြစ်က ထပ်လောင်း ပြောကြားသည်။ မက်ဒေါနားသည် အစမ်းလေ့ကျင့် မှု ပြုလုပ် ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက်ညနေတွင် အမျိုးသား အားကစားကွင်းသို့ သွားရောက်ရန် မျှော်မှန်းထားသည်။ မက်ဒေါနားသည် ၎င်း၏ “Rebel Heart” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မက်ဒေါနားသည်  စင်္ကာပူနိုင်ငံအတွင်းရှိ ကက်သလစ်ဂိုဏ်းတော်နှင့် အခြားသော ဘာသာရေး အဖွဲ့အစည်းများက ၎င်း၏ ဖျော်ဖြေပွဲနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခံခဲ့ရပြီးနောက် သီတင်း ပတ်ကုန်တွင် စင်္ကာပူနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။

“ယဉ်ကျေးမှုဆိုင်ရာ ထိလွယ်ရှလွယ် ကိစ္စရပ်တွေကို သတိပြုရမှာ ဖြစ်တယ်။ မက်ဒေါနားဟာ စင်္ကာပူမှာရှိတဲ့ သူမရဲ့ ပရိတ်သတ်တွေကို တေးဂီတနဲ့ သူမရဲ့ အနုပညာကို ဖျော်ဖြေတင်ဆက်ဖို့အ တွက် စိတ်လှုပ်ရှားနေပါတယ်” ဟု မက်ဒေါနား၏ “Rebel Heart” ကမ္ဘာလှည့်ဖျော်ဖြေရေး ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

မက်ဒေါနားသည် စင်္ကာပူနိုင်ငံသို့ မလာမီ ဖေဖော်ဝါရီ ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တွင် ဖျော်ဖြေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly