ချစ်ပ်ပြားများကိုထိန်းချုပ်ပြီး တရုတ်စစ်တပ်အား နည်းပညာတင်ပို့မှုများကို အမေရိကန် တားဆီးမည်

ချစ်ပ်ပြားများကိုထိန်းချုပ်ပြီး တရုတ်စစ်တပ်အား နည်းပညာတင်ပို့မှုများကို အမေရိကန် တားဆီးမည်

တရုတ်ကုမ္ပဏီများကိုစွမ်းဆောင်ရည်မြင့်မြင့်တွက်ချက်နိုင်သည့်နည်းပညာများအားအသုံးပြုခွင့်ကိုကန့်သတ်မည့်အစီအမံအသစ်များကို အမေရိကန်က ယခုသီတင်းပတ်တွင် ကြေညာဖွယ်ရှိကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူ၃ဦးက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

အဆိုပါအစီအမံများသည်တရုတ်အားအဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာကိုဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် ကန့်သတ်ချက်အသစ်များချမှတ်နိုင်သည်ကို New York Times ကပထမဆုံးသတင်းဖော်ပြခဲ့ပြီး အမေရိကန်က တရုတ်၏စွမ်းအားမြင့် စူပါကွန်ပျူတာတွက်ချက်မှုနှင့် အချက်အလက်စင်တာစီမံကိန်းများသို့အမေရိကန်လုပ်မိုက်ခရိုချစ်ပ်များရောင်းချခြင်းကိုကန့်သတ်ရန်လည်းစီစဉ်ထားကြောင်းထပ်မံဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည်အောက်တိုဘာလတွင်ဉာဏ်ရည်တုနှင့်ချစ်ပ်ထုတ်လုပ်ရေးကိရိယာများအတွက်အသုံးပြုသည့်တစ်ပိုင်းလျှပ်ကူးကိရိယာများကိုတရုတ်သို့အမေရိကန်မှတင်ပို့ရောင်းချမှုအပေါ်တားမြစ်ပိတ်ပင်ရန်စီစဉ်နေကြောင်း ရိုက်တာသတင်းတွင်ဖော်ပြခဲ့သည်။

အဆိုပါစည်းမျဉ်းများသည်တရုတ်စစ်တပ်ကိုထောက်ပံ့ပေးနိုင်သည့်နည်းပညာကိုထိန်းချုပ်ရန်အမေရိကန်၏  အရှိန်မြှင့်ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အဆင့်မြင့်တွက်ချက်မှုစနစ်နှင့်မှတ်ဉာဏ်ချစ်ပ်များကဲ့သို့သောနည်းပညာများကို "ကျွန်တော်တို့ကတတ်နိုင်သလောက်ဦးဆောင်ထိန်းသိမ်းရပါမယ်" ဟု နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျတ်ဆူလီဗန်ကပြောကြားခဲ့သည်။
 
Yangtze Memory Technologies Co Ltd (YMTC) အပါအဝင် တရုတ်မှတ်ဉာဏ်ချစ်ပ်ပြားထုတ်လုပ်သူများအား ချစ်ပ်ထုတ်လုပ်သည့်စက်ပစ္စည်းများတင်ပို့မှုကိုကန့်သတ်ရန်အမေရိကန်ကစဉ်းစားနေကြောင်းသြဂုတ်လတွင်ရိုက်တာသတင်းတွင်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly