ရှီကျင့်ဖျင်ကို အပြည့်အဝသစ္စာစောင့်သိခြင်းက တရုတ်ကွန်မြူနစ်ပါတီပါတီ ကွန်ဂရက်ကိုယ်စားလှယ်များ ရွေးကောက်ပွဲအတွက် တစ်ခုတည်းသော စံသတ်မှတ်ချက်ဖြစ်

ရှီကျင့်ဖျင်ကို အပြည့်အဝသစ္စာစောင့်သိခြင်းက တရုတ်ကွန်မြူနစ်ပါတီပါတီ ကွန်ဂရက်ကိုယ်စားလှယ်များ ရွေးကောက်ပွဲအတွက် တစ်ခုတည်းသော စံသတ်မှတ်ချက်ဖြစ်

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အောက်တိုဘာ၁၆ရက်တွင်ကျင်းပမည့် အကြိမ်၂၀မြောက်ပါတီ ကွန်ဂရက်မတိုင်မီ တရုတ်သမ္မတရှီကျင့်ဖျင်အားအလုံးစုံသစ္စာစောင့်သိမှုအပေါ ်အခြေခံ၍ ကွန်ဂရက်သို့သစ္စာစောင့်သိသောကိုယ်စားလှယ်၂၂၉၆ဦးကိုဂရုတစိုက်ရွေးချယ်သည့်လုပ်ငန်းစဉ်ကိုCCP ကအပြီးသတ်ခဲ့သည်။

ရှီ၏တတိယအကြိမ်သမ္မတသက်တမ်းအတွက်ပြဿနာကင်းရှင်းပြီးသဘောထားကွဲလွဲမှုမရှိစေရန်ယခုကဲ့သို့လုပ် ဆောင်ခြင်းဖြစ်ကြောင်း HK Post သတင်းတွင်ဖော်ပြထားသည်။

ယင်းကိုယ်စားလှယ်များသည်ပါတီဝင်၉၆သန်းကျော်နှင့်အောက်ခြေပါတီအဖွဲ့အစည်းပေါင်း၄ဒသမ၉သန်းကျော်ကို ကိုယ်စားပြုပြီး “နိုင်ငံတွင်းရှိ တိုင်းရင်းသားအားလုံး၏ ထက်သန်သောမျှော်မှန်းချက်များကိုခံယူပြီး ပါတီ၏၂၀ကြိမ်မြောက်အမျိုးသားညီလာခံကိုဂုဏ်ယူစွာတက်ရောက်ကြမည်ဖြစ်သည်”

နိုင်ငံရေး၊စီးပွားရေးနှင့်နိုင်ငံတကာဆုံးဖြတ်ချက်များကိုမဲခွဲဆုံးဖြတ်သည့်အခါတိုင်းပါတီထိပ်ပိုင်း ခေါင်းဆောင်များအနေဖြင့် ရွေးကောက်ခံကိုယ်စားလှယ်များထံမှပြဿနာတစ်စုံတစ်ရာရှာသည်ကို ကြုံတွေ့ရမည်မဟုတ်ကြောင်းHK Post သတင်းတွင်ဖော်ပြထားသည်။

“၎င်းတို့သည်CPC ဗဟိုကော်မတီမှသတ်မှတ်သည့်လိုအပ်ချက်များနှင့်ကိုက်ညီပြီး၊အတွေးအခေါ်နှင့်နိုင်ငံရေးအရ အရည်အချင်းမြင့်မားသူများ၊ ကောင်းမွန်စွာလုပ်ကိုင်နိုင်သူများနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သူများ ဖြစ်ကြောင်း ပြသခဲ့ပြီးနိုင်ငံ့အရေးကိစ္စများကိုဆွေးနွေးရာတွင် အရည်အချင်းရှိပြီး ၎င်းတို့၏လုပ်ငန်းများတွင်ထူးထူးခြားခြားအောင်မြင်မှုများရရှိခဲ့သူများဖြစ်သည်။" ဟုအဆိုပါအစီအစဉ်တွင်ဖော်ပြထားသည်။

ထို့ပြင်  ရွေးချယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နေချိန်တွင် ၎င်းတို့တည်ရှိမှုကြောင့် ဒီမိုကရေစီ၏ အခြေခံမူများပေါ်လွင်နေမည်ကို သံသယဖြစ်စရာမရှိကြောင်း ဆင်ဟွာ၏ အစီရင်ခံချက်များတွင် ဖော်ပြခဲ့သည်ဟုHK Post ဆိုသည်။

ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏တာဝန်သည် သမ္မတနှင့်အထွေထွေအတွင်းရေးမှူးရှီကျင့်ဖျင်ကိုစ လယ်ဆုံးသစ္စာစောင့်သိသင့်ကြောင်း People's Daily သတင်းစာ၏အယ်ဒီတာ့အာဘော်တွင် ဖော်ပြခဲ့သည်။

ပါတီကွန်ဂရက်အပြီးတွင်ထမ်းဆောင်ရမည့်ကိုယ်စားလှယ်များ၏တာဝန်ကိုအသိပေးထားပြီးဖြစ်ကြောင်းHK Post သတင်းတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly