အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယား ဖွံ့ဖြိုးလာခြင်းကြောင့် ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသတိုးတက်ရေးအတွက် အမေရိကန်ထံမှ အကူအညီတောင်း

အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယား ဖွံ့ဖြိုးလာခြင်းကြောင့် ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသတိုးတက်ရေးအတွက် အမေရိကန်ထံမှ အကူအညီတောင်း

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသအတွက် အထူးအခွင့်အရေးပေးခဲသည့် ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီး နောက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု အများအပြား ရောက်ရှိလာခြင်းကြောင့် ပါကစ္စတန်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ကက်ရှ်မီးယားအစိုးရ (PoK) ကလည်း ဒေသ၏ ဆိုးရွားနေသည့် စီးပွားရေးကို ကောင်းမွန်လာစေရန် အမေရိကန်နိုင်ငံမှ အကူအညီတောင်းခံထားကြောင်း ပါကစ္စတန် မီဒီယာများ သတင်းဖော်ပြသည်။

PoK ဝန်ကြီးချုပ် ဆာဒါတန်ဗာအီယက်စ်က ပါကစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့်  မကြာသေးမီက တွေ့ဆုံစဉ်အတွင်း  PoK တွင် USAID အစီအစဉ်အား တိုးမြှင့်ဆောင်ရွက်ပေးရန်၊ ရေဘေး ဒုက္ခသည်များကို အကူအညီပေးရန်၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရှေးဟောင်း သုတေသနနေရာဌာနများကို ကာကွယ်စောင့်ရှောက်ရေးအတွက် တောင်းဆိုခဲ့ကြောင်း စက်တင်ဘာ ၅ ရက်ထုတ် Dawn သတင်းစာတွင် ဖော်ပြခဲ့သည်။

သို့သော် အဆိုပါ အကူအညီတောင်းခံမှုများကို သံအမတ်ကြီးက ပြန်လည် တုန့်ပြန်မှုမရှိပေ။ အမေရိကန် ကုမ္ပဏီများ လာရောက်လာကိုင်ရန် သဘောတူညီချက် ရရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့အတွက် အခွန်နှင့် အခြားကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟုလည်း PoK ဝန်ကြီးချုပ်က ကတိပြုခဲ့သည်။ 

ပါကစ္စတန်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည်မှာ ၇၅နှစ် ကြာမြင့်ပြီ ဖြစ်သော်လည်း အမေရိကန်၊ တရုတ်နှင့် ပင်လယ်ကွေ့နိုင်ငံအများအပြားမှ ငွေကြေးပံ့ပိုးကူညီမှုများအပေါ် အားထားနေရသလို နိုင်ငံ၏ အထက်တန်းလွှာအုပ်စုကလည်း အလားတူနည်းလမ်းကို အသုံးပြုနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly