၂၀ကြိမ်မြောက် အမျိုးသားကွန်ဂရက်မတိုင်မီတရုတ်ယွမ်ငွေကျဆင်းမှုက သမ္မတရှီကျင့်ဖျင်ကို စိုးရိမ်ပူပန်မှုဖြစ်စေ

၂၀ကြိမ်မြောက် အမျိုးသားကွန်ဂရက်မတိုင်မီတရုတ်ယွမ်ငွေကျဆင်းမှုက သမ္မတရှီကျင့်ဖျင်ကို စိုးရိမ်ပူပန်မှုဖြစ်စေ

တရုတ်နိုင်ငံ၏ အကြိမ်၂၀မြောက်အမျိုးသားကွန်ဂရက်ကိုအောက်တိုဘာလနှောင်းပိုင်းတွင် စတင်ချိန်မတိုင်မီ ယွမ်ငွေကျဆင်းမှုက နို်ငငံ၏ ငွေကြေးခိုင်မာမှုက   စီးပွားရေးကို   အထောက်အကူဖြစ်စေကြောင်း အမြဲတမ်းကြွားဝါနေသည့် တရုတ်အတွက်စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ဖြစ်နေသည်။

 ထို့ပြင်သမ္မတရှီကျင့်ဖျင်သည်တတိယမြောက်သက်တမ်းအာဏာရယူရန်ပြင်ဆင်နေချိန်တွင်ယင်းသည်သမ္မတရှီ ကျင့်ဖျင်အလိုရှိသည့်ကိစ္စရပ်မဟုတ်ကြောင်းFinancial Post ကဖော်ပြခဲ့သည်။
 အမေရိကန်မီဒီယာများ၏ဖော်ပြချက်အရအမေရိကန်ကအတိုးနှုန်းများမြှင့်တင်ပြီးနောက်ကုန်သည်များကယွမ်ငွေကိုဒေါ်လာအဖြစ်သို့ပြောင်းလဲကြသဖြင့်ယွမ်ငွေသည်စက်တင်ဘာလနောက်ဆုံးပတ်တွင်စံချိန်တင်အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့သည်။
 
အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်းများအလွန်မြင့်မားစွာမြှင့်တင်ပြီးနောက်ကမ္ဘာတစ်ဝန်းရှိအဓိကငွေကြေးများကျဆင်းလာချိန်တွင်ယွမ်းကျဆင်းမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရုတ်ဗဟိုဘဏ်မှဝင်ရောက်စွက်ဖက်မှုများရှိနေသော်လည်းမကြာသေးမီလများအတွင်းယင်းကဆက်လက်ကျဆင်းနေဆဲဖြစ်ကြောင်းCNN ကဖော်ပြခဲ့သည်။
 
ပိုဆိုးသည့်အချက်မှာ၂၀၂၃ခုနှစ်တွင်တရုတ်စီးပွားရေး၏စိတ်ပျက်ဖွယ်ကောင်းသောပုံရိပ်ဖြစ်သည်။ကမ္ဘာ့ဘဏ်ကဧပြီလတွင်GDP တိုးတက်မှုခန့်မှန်းချက်ကို၅ရာခိုင်နှုန်းမှ၂ဒသမ၈ရာခိုင်နှုန်းသို့လျှော့ချခဲ့ပြီးနောက်အခြားဘဏ္ဍာရေးအဖွဲ့အစည်းများကလည်းအလားတူလျှော့ချခဲ့သည်။

တရုတ်ကဲ့သို့ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံတွင်ယင်းကပြည်သူများအတွက်စီးပွားရေးကျဆင်းမှုတစ်ခုလိုခံစားရပြီးအစိုးရကချမှတ်ထားသည့်တိုးတက်မှုလျာထားချက်၅ဒသမ၅ရာခိုင်နှုန်းသို့ပြည့်မှီရန်လွဲချော်နိုင်ကြောင်းFinancial Post ကဖော်ပြခဲ့သည်။
 
အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်းများမြှင့်တင်ခြင်းကြောင့်ယွမ်ငွေကျဆင်းစေသည်ဟုယူဆကြသော်လည်းတရုတ်ကိုယ်တိုင်စီးပွားရေးကျဆင်းခြင်းများကြောင်းလည်းဖြစ်သည်။
 
မကြာသေးမီလများအတွင်းတွင်၊ကျယ်ပြန့်သောကိုဗစ်-၁၉ပိတ်ဆို့ကန့်သတ်မှုများ၊မိုးခေါင်မှုနှင့်အကြွေးနွံနစ်နေသောအိမ်ခြံမြေဈေးကွက်၏စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့်တရုတ်စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required