အမေရိကန်၊သြစတြေးလျနှင့်ဂျပန်က တရုတ်ကို ပူးပေါင်း ဆန့်ကျင်ရန်  ကတိပြု

By Economic times
06 October 2022
အမေရိကန်၊သြစတြေးလျနှင့်ဂျပန်က တရုတ်ကို ပူးပေါင်း ဆန့်ကျင်ရန်  ကတိပြု

ကမ္ဘာကြီးကို လိုအပ်သလို  ပုံဖော်ရန် တရုတ်၏ ကြီးမားသည့် ရည်မှန်းချက်များအား ရင်ဆိုင်ရေးအတွက်  အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်ကာကွယ်ရေး ဝန်ကြီးများက စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ရန် အောက်တိုဘာ၁ရက်တွင် သဘောတူညီလိုက်သည်။

အာရှ-ပစိဖိတ်ဒေသတစ်ဝန်းတွင် တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် သံတမန်ရေးရာ ထိုးစစ်ကို အမေရိကန်က အရှိန်မြှင့်လုပ်ဆောင်နေသည်။

“ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်းတခြားနေရာတွေမှာ တရုတ်ရဲ့ ရန်လိုပြီးအနိုင်ကျင့်တဲ့အပြုအမူတွေကို ကျွန်တော်တို့အကြီးအကျယ်စိုးရိမ်မိပါတယ်”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ဟာဝိုင်အီရှိပစိဖိတ် ဒေသဆိုင်ရာအစည်းအဝေးအတွက် သြစတြေးလျနှင့်ဂျပန်ကာကွယ်ရေးဝန်ကြီးများကိုအမေရိကန်စစ်ဌာနချုပ်တွင်ကြိုဆိုစဉ်ယခုကဲ့သို့ ပြောကြားခဲ့သည်။" 

"ကျွန်တော်တို့ရဲ့စိတ်ဝင်စားမှုကစည်းမျဉ်းအခြေခံကမ္ဘာ့အစီအစဉ်ကိုထိန်းကျောင်းဖို့ဖြစ်ပေမဲ့တရုတ်ကအရင်ကမမြင်ဖူးတဲ့ပုံစံနဲ့ကမ္ဘာကိုပုံဖော်ဖို့ကြိုးပမ်းနေတာကြောင့်အင်ဒို-ပစိဖိတ်ဒေသမှာဒီ အစီအစဉ်က ဖိအားပေးခံနေရတာကိုမြင်တွေ့နေရပါတယ်” ဟုသြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလေးစ်ကပြောကြားခဲ့သည်။

အမေရိကန်ကသံတမန်ဆက်ဆံရေးကိုအရှိန်မြှင့်ရန်စီစဉ်နေချိန်တွင်ပစိဖိတ်ကျွန်းနိုင်ငံများအတွက်ဒေါ်လာ၈၁၀သန်းအကူအညီပေးရေးအစီအစဉ်ကိုစက်တင်ဘာ၂၉ရက်ကအမေရိကန်ကကြေညာခဲ့သည်။
 
ဒုသမ္မတကမာလာဟဲရစ်ကပြီးခဲ့သည့်သီတင်းပတ်ကဂျပန်နှင့်တောင်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး ထိုင်ဝမ် ရေလက်ကြားအပါအဝင်အာရှတစ်ခွင်တွင်အမေရိကန်ကကြောက်ရွံ့ခြင်းသို့မဟုတ်တုံ့ဆိုင်းခြင်းမရှိဘဲလုပ်ဆောင်သွားမည်ဟုပြောကြားခဲ့သည်။

ကိုရီးယား၂နိုင်ငံကြားရှိစစ်မဲ့ဇုန်သို့ဟဲရစ်ကသွားရောက်ခဲ့ပြီးသူမ၏ခရီးစဉ်သည်မြောက်ကိုရီးယား၏ရန်မှတောင်ကိုရီးယားကိုကာကွယ်ရန်အမေရိကန်၏ကတိကဝတ်ကိုဖော်ပြရန်ရည်ရွယ်ထားသည်။

သြစတြေးလျသို့နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများထောက်ပံ့ပေးမည့်အမေရိကန်၊သြစတြေးလျနှင့်ဗြိတိန်အကြား၂၀၂၁ခုနှစ်သဘောတူညီချက်ကိုအဓိကထားဆွေးနွေးရန်အတွက်အော်စတင်ကသြစတြေးလျကာကွယ်ရေးဝန်ကြီးနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly