တူရကီရောက် အာဖဂန်ဒုက္ခသည်များ နှိပ်စက်ညှဉ်းပန်းခံခဲ့ရဟု ဆို

By ToloNews
05 October 2022
တူရကီရောက် အာဖဂန်ဒုက္ခသည်များ နှိပ်စက်ညှဉ်းပန်းခံခဲ့ရဟု ဆို

တူရကီစစ်တပ်သည် ဒုက္ခသည်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန် ခဲ့ကြောင်း မကြာသေးခင်က အဆိုပါနိုင်ငံမှ ပြန်လည်နှင်ထုတ်ခံရသည့် အာဖဂန်ဒုက္ခသည်များက စွပ်စွဲသည်။

အာဖဂန်ဒုက္ခသည်တစ်ဦးဖြစ်သည့် ဇက်ကရူလာသည် တူရကီရဲတပ်ဖွဲ့၏ အာဖဂန်နစ္စတန်သို့ ပြန်ပို့ခြင်းကို ခံခဲ့ရသည့် အာဖဂန် ရွှေ့ပြောင်းနေထိုင်သူများအနက် တစ်ဦး ဖြစ်သည်။

“ကျွန်တော် အလုပ်မှာ ရှိနေတုန်း ရုတ်တရက်ဆိုသလို ရဲတွေ ရောက်လာပြီး ကျွန်တော် အပါအဝင် လူ ၅၀ လောက်ကို ခေါ်သွားတယ်။ ကျွန်တော်တို့ ကမ့်စခန်းတစ်ခုမှာ ၁ ပတ်လောက် နေခဲ့ရတယ်။ နောက် ၁ပတ်အကြာမှာတော့ သူတို့က ကျွန်တော်တို့ကို ကဘူးလ်ကို ပြန်ပို့ခဲ့တယ်” ဟု နေရပ်ပြန်ပို့ခံရသူတစ်ဦးဖြစ်သည့် ဇက်ကရူလာက ပြောသည်။

ဇက်ကရူလာနှင့်အတူ အခြားသော ဒုက္ခသည်တချို့လည်း ကဘူးလ်သို့ ပြန်နှင်ထုတ်ခံခဲ့ရသည်။

“တူရကီရဲတွေက အာဖဂန် ဒုက္ခသည်တွေကို မလျော်မကန် ပြုမူဆက်ဆံခဲ့တယ်။ သူတို့ဟာ ဒုက္ခသည်တွေကို ရိုက်နှက်ခဲ့သလို တစ်နေ့ကို ပေါင်မုန့်တစ်ချပ်စီပဲ သူတို့ ကျွန်တော်တို့ကို ပေးခဲ့ပါတယ်” ဟု အခြားသော နေရပ်ပြန်ပို့ခံရသူတစ်ဦးဖြစ်သည့် အဗ္ဗဒူလ်ဂါဖာက ပြောသည်။

အာဖဂန်ဒုက္ခသည်များ ကြုံတွေ့နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အာဖဂန်နှင့် တူရကီအကြား ပူးပေါင်းကော်မရှင်တစ်ခု ဖွဲ့ထားကြောင်း အာဖဂန် ဒုက္ခသည်များနှင့် မူလနေရပ်ပြန်လာမှုဆိုင်ရာ ဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required