ရာသီဥတုပြောင်းလဲမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပြန်လည်ပူးပေါင်းရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို တိုက်တွန်း

ရာသီဥတုပြောင်းလဲမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပြန်လည်ပူးပေါင်းရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို တိုက်တွန်း

တရုတ်အနေဖြင့် ရပ်ဆိုင်းထားသည့် နယ်ပယ်များရှိ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို  ပြန်လည်စတင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တောင်းဆိုလိုက်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ  ဩဂုတ်လအတွင်းက ထိုင်ဝမ်သို့ သွားရောက်ခဲ့သော အငြင်းပွားဖွယ်ရာ ခရီးစဉ်အပြီးတွင် ယခုတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

“အမေရိကန်ဟာ ဒီနေ့ကမ္ဘာ့ကြီးရင်ဆိုင်နေရတဲ့ ကြီးမားတဲ့အတားအဆီးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲဆောင်ရွက်နေချိန်မှာ ကျန်းမာရေး၊ ရာသီဥတုဖောက်ပြန်မှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလို စိန်ခေါ်မှုတွေနဲ့အမေရိကန်ရဲ့ အကျိုးစီးပွားရှိတဲ့ဏ္ဍတွေကို လုပ်ဆောင်ရာမှာ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါတယ်” ဟု ဘလင်ကန်က အောက်တိုဘာ ၁ ရက် တရုတ်အမျိုးသားနေ့ကို ဂုဏ်ပြုသည့်သတင်းစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်ကို ဒေါသထွက်စေပြီး ရာသီဥတု ဖောက်ပြန်မှုနှင့် မူးယစ်ဆေးဝါးတရားမဝင်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဖြစ်စေခဲ့သည်။

တရုတ်က ပလိုစီ၏ ခရီးစဉ်အား ထိုင်ဝမ်လွတ်လပ်ရေးလိုလားသော ထောက်ခံမှုတစ်ခုအဖြစ် မှတ်ယူ ထားသော်လည်း အမေရိကန်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့်ပတ်သက်သည့် ၎င်း၏မူဝါဒများ မပြောင်းလဲကြောင်း ပြောခဲ့သည်။

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်းဂန်းက အမေရိကန်မူးယစ်ဆေးဝါးအကျပ်အတည်းအတွက် တရုတ်ကို အပြစ်မတင်သင့်ကြောင်း စက်တင်ဘာ ၂၉ ရက်ထုတ် Newsweek အင်တာဗျူးတွင် ပြောကြားခဲ့သည်။
 
ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့်ပတ်သက်၍ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ မှုခင်းသိပ္ပံသိပ္ပံနှင့် နိုင်ငံ့မူးယစ်ဆေးဝါးဌာနအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို တိုက်ဖျက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အဟန့်အတားဖြစ်စေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့်အမေရိကန်သည် ၂၀၁၅ ခုနှစ်တွင် ဖန်တနိုင်းပြဿနာကိုဖြေရှင်းရန်အလုပ်အဖွဲ့များဖွဲ့စည်းခဲ့သည်။ ဓာတုမူးယစ်ဆေးများသည် လွန်စွာ စွဲလွယ်ပြီး အလွန်အကျွံသုံးစွဲမှုများကြောင့် နှစ်စဉ် အမေရိကန် ထောင်ပေါင်း များစွာကိုသေဆုံးစေသည်။

သမ္မတ ရှီကျင့်ဖျင်က မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုများကို နှိမ်နင်းမည်ဖြစ်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၁၈ ခုနှစ်တွင် ကတိပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required