တရုတ်အင်အားကြီးလာမှုက အိမ်နီးချင်းနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုးရိမ်စရာဖြစ်လာ

တရုတ်အင်အားကြီးလာမှုက အိမ်နီးချင်းနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုးရိမ်စရာဖြစ်လာ

တရုတ်နိုင်ငံသည် ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ်မှ စီးပွားရေးနှင့် စစ်ဘက်ဆိုင်ရာ အပြိုင်အဆိုင် နိုင်ငံများစွာကို ခြိမ်းခြောက်နေသည့် နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိစေမည့်    စစ်ပွဲလမ်းကြောင်းပေါ်တွင် ရှိနေသည်။

တရုတ်၏ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို ချဲ့ထွင်ရန် ကြိုးပမ်းမှုသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများကိုသာမက အခြားသော ဗျူဟာမြောက်နှင့် အရင်းအမြစ်ကြွယ်ဝသော ဒေသများသို့လည်း တိုးချဲ့လိမ့်မည်ဖြစ်ကြောင်း The Singapore Postက ဖော်ပြခဲ့သည်။

ကိုလိုနီခေတ်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ကုန်ဆုံးသွားခဲ့သော်လည်း တရုတ်သည် ကိုလိုနီ လက်အောက်မှ လွတ်လာသော ဖွံ့ ဖြိုးဆဲနှင့် မဖွံ့ဖြိုးသေးသော နိုင်ငံများကို အနိုင်ကျင့် အမြတ်ထုတ် နေသောကြောင့် တရုတ်တစ်နိုင်ငံလုံးအနေဖြင့်ခေတ်သစ်နယ်ချဲ့လက်သစ်ဝါဒပုံစံကို သေချာပေါက် ထိန်းချုပ် ထားသည်။

တရုတ်၏ နယ်ချဲ့လက်သစ်နည်းဗျူဟာများသည် ငွေကြေးအရ အင်အားချည့်နဲ့သောနိုင်ငံများကို ထိခိုက် နစ်နာစေရန် မရည်ရွယ်သော်လည်း သက်ဆိုင်ရာနိုင်ငံများ၏ တန်ဖိုးရှိသော ဗျူဟာမြောက် ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန် သေချာပေါက် ကြံရွယ်ထားသည်။

သီရိလင်္ကာ၊ ယူဂန်ဒါ၊ အီသီယိုးပီးယား၊ ဇမ်ဘီယာ၊ ပါကစ္စတန်နှင့် အခြားနိုင်ငံများသည် ထိုသို့ အန္တရာယ် များလှသော တရုတ်အစီအစဉ်များဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီက ထောက်ပံ့လိုက်သော ဒေါ်လာဘီလီယံနှင့်ချီသော ချေးငွေများသည် နိုင်ငံများအားကြွေးမြီဆပ်ရန် ပျက်ကွက်သွားလောက်အောင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေခဲ့သည်။ယင်းက ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးများကို ကျဆင်းစေရုံသာမက လွန်ကဲသော ကြွေးမြီဝန်ထုပ်ဝန်ပိုးကြောင့် နိုင်ငံများသည် တရုတ်နိုင်ငံထံမှ ကြွေးမြီလျှော့ပေါ့ပေးရေးတောင်းဆိုခဲ့ရကြောင်း The Singapore Postက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly