ပါကစ္စတန်အစိုးရ၏ အသုံးစရိတ် ရူပီး ၁ ထရီလီယံကျော်အထိ မြင့်တက်

ပါကစ္စတန်အစိုးရ၏ အသုံးစရိတ် ရူပီး ၁ ထရီလီယံကျော်အထိ မြင့်တက်

ပါကစ္စတန်အစိုးရ၏ လက်ရှိ အသုံးစရိတ်များက ရူပီး ၁ ဒသမ ၁ ထရီလီယံနီးပါးအထိ မြင့်တက်ခဲ့သည်ဖြစ်ရာ ဘဏ္ဍာငွေများကို ဆီလျော်မှုမရှိဘဲ သုံးစွဲထားသည့် အခြေအနေကို ပြသနေကြောင်း ပြည်တွင်း မီဒီယာ တစ်ခုဖြစ်သည့် The Express Tribune က ဖော်ပြသည်။

လက်ရှိ ဘဏ္ဍာနှစ်၏ ဇူလိုင်-ဩဂုတ် ကာလအတွင်း လက်ရှိ ကုန်ကျမှု စရိတ်စကများ၏ ၇၁ ရာခိုင်နှုန်းကျော်ကို ငွေစာရင်းနှစ်ခုအတွက် အဓိက သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် တစ်ခုသည် ချေးငွေများအတွက် အတိုးပေးချေခြင်း ဖြစ်ပြီး ဒုတိယစာရင်းတစ်ခုက စစ်ဖက်ကာကွယ်ရေးအတွက် သုံးစွဲခြင်းဖြစ်ကြောင်း အဆိုပါ မီဒီယာက ဖော်ပြသည်။

အသုံးစရိတ်ကို ဘတ်ဂျက်နှင့် တိုက်ကာ အသေးစိတ် စစ်ခဲ့ပြီးနောက်တွင် ပါကစ္စတန်အစိုးရတွင် နိုင်ငံ၏ သက်သာ ချောင်ချိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရန် အလွန်နည်းပါးသည့် ပမာဏတစ်ခုသာ ကျန်ရှိနေသည်။

ငွေသုံးစွဲမှုက ပထမ သုံးလပတ်နှင့် နောက်ဆက်တွဲ လျာထားချက်ထက် ပိုမို မြင့်မားနေကြောင်းကို လစဉ် ဘဏ္ဍာရေး လည်ပတ်မှု ဒေတာအချက်အလက်များက ပြသနေမည်ဆိုပါက အရေးပေါ် ဘဏ္ဍာရေး အစီအစဉ်များ ကို နေသားတကျ ဖြစ်စေမည့် ကုစားမှု လုပ်ဆောင်ချက်ကို အစပျိုးလုပ်ဆောင်မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို အာမခံထားသည်။
 
နိုင်ငံတွင် ရေကြီးမှုဒဏ်ကို မခံခဲ့ရဘူးဆိုလျှင်တောင်မှ ပါကစ္စတန်အစိုးရနှင့် IMF အကြား သဘောတူထားသည့် အဓိက ဘတ်ဂျက် ပိုလျှံငွေ ရည်မှန်းချက် ရူပီး ၁၅၃ ဘီလီယံကို ပြည့်မီအောင်မြင်ရန် မဖြစ်နိုင်ကြောင်းကို ကနဦး ဦးတည်ရာအလားအလာများက ညွှန်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly