တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်ဆိုင်ရာမူဝါဒ ခိုင်မာအားကောင်းစေရေး ပေါင်းစည်းရေးကြိုးပမ်းမှုကို နှစ်ဆ တိုးမြှင့်

တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်ဆိုင်ရာမူဝါဒ ခိုင်မာအားကောင်းစေရေး ပေါင်းစည်းရေးကြိုးပမ်းမှုကို နှစ်ဆ တိုးမြှင့်

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပမည့် ၂၀ ကြိမ်မြောက် အမျိုးသား ကွန်ဂရက်မတိုင်မီ ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုများကို နှစ်ဆတိုးလုပ်ဆောင်ပေလိမ့်မည်။

ထိုင်ဝမ်ပြည်မကြီးရေးရာကောင်စီ (MAC) မှ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင် CPP သည် ထိုင်ဝမ်ပြဿနာကို ဖြေရှင်းရန် ပါတီ၏ အလုံးစုံမဟာဗျူဟာအတွက် အလေးထားလုပ်ဆောင်မည့် မူဝါဒများကို ကြေညာလိမ့်မည်ဟု Liberty Times က ဖော်ပြခဲ့သည်။

ပါတီသည် ထိုင်ဝမ်ဆိုင်ရာ၎င်း၏မူဝါဒကို အဓိကနည်းလမ်း ၃ မျိုးဖြင့် အားကောင်းအောင် လုပ်ဆောင ်မည်ဖြစ်ကြောင်း Taiwan News သတင်းက ဖော်ပြခဲ့သည်။
  
ပထမနည်းလမ်းမှာ တရုတ်နိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေးရပ်တည်ချက်ကို ဆန့်ကျင်သည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံပြီး နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်မည်ဖြစ်သည်။

သံတမန်ရေးရာ ဖိအားနှင့် စစ်ရေးလေ့ကျင့်မှု တိုးမြှင့်ခြင်းနှင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေး အင်အားစုများကို တစ်ပြိုင်နက်တည်း ဖိနှိပ်ကာ အမေရိကန်၊ ဂျပန်နှင့် နိုင်ငံတကာ အသိုက်အဝန်းတို့၏ ဝင်ရောက် စွက်ဖက်ခြင်းမှ တားဆီးမည်ဖြစ်သည်။
 
ပါတီသည် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များနှင့် အများပြည်သူတို့နှင့်အတူ ဥပဒေပြဋ္ဌာန်းခြင်းနှင့် အရေးယူလုပ်ဆောင်မှုများအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုပေါင်းစည်းခြင်းကို ပိုမိုမြှင့်တင်သွားမည်ဖြစ်သည်။ ၎င်း၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ထိုင်ဝမ်နိုင်ငံသားများကို တရုတ်နိုင်ငံသားများကဲ့သို့ တန်းတူခံစားခွင့်ပေးရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးတွင် ပါတီသည် ၎င်း၏ပေါင်းစည်းရေးရည်မှန်းချက်များကို တိုးတက်အောင်လုပ်ဆောင်ပေလိမ့်မည်။ ဩဂုတ် ၁၀ ရက်က ထုတ်ပြန်ခဲ့သော “ခေတ်သစ် ထိုင်ဝမ်ပြဿနာနှင့်တရုတ်၏ ပြန်လည်ပေါင်းစည်းရေး” ဟူသော တရုတ်၏အစီရင်ခံစာအရ တရုတ်သည် ပထမဆုံးအနေဖြင့်ထိုင်ဝမ်သို့ တပ်ဖွဲ့များ သို့မဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများကို စေလွှတ်ရန် စဉ်းစားမည်ဟု ဆိုထားကာ ယခင် စက္ကူဖြူစာတမ်း နှစ်စောင်တွင် ဖော်ပြထားသည့် ပေါင်းစည်းရေးလုပ်ငန်းစဉ်ပြီးနောက် ထိုင်ဝမ်သည် ၎င်းတို့ကို စေလွှတ်မည်မဟုတ်ဟူသော အချက်နှင့်ကွဲပြားခြားနားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required