အတုအယောင် တရုတ်ထက် ဒီမိုကရေစီ အိန္ဒိယနိုင်ငံတွင်သာ ကွယ်လွန်လိုကြောင်း ဒလိုင်းလားမား ပြောကြား

အတုအယောင် တရုတ်ထက် ဒီမိုကရေစီ အိန္ဒိယနိုင်ငံတွင်သာ ကွယ်လွန်လိုကြောင်း ဒလိုင်းလားမား ပြောကြား

တရုတ်နိုင်ငံမှ အတုယောင်အရာရှိများကြာတွင် ကွယ်လွန်ရခြင်းထက် စစ်မှန်၍ ချစ်စရာကောင်းသော ပြည်သူများဖြင့် တည်ဆောက်ထားသည့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ ထွန်းကားသည့် အိန္ဒိယနိုင်ငံတွင် သေဆုံးရခြင်းကို ပိုမိုလိုလားကြောင်း တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်သည်။

အမေရိကန်ငြိမ်းချမ်းရေးဌာန (USIP) က စီစဉ်၍ ဒလိုင်းလားမား သီတင်းသုံးနေထိုင်ရာ ကျောင်းတော် ဓမ္မရှာလာ၌ လူငယ်ခေါင်းဆောင်များနှင့် ၂ ရက်တာ တွေ့ဆုံပွဲ အခမ်းအနားတွင် ၎င်းက ယခုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ပါဝင်တက်ရောက်သည့် လူငယ်များမှာ ၎င်းတို့နေထိုင်ရာ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အရှေ့တောင်အာရှနှင့် တောင်အမေရိကတို့တွင် ငြိမ်းချမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသည့် လူငယ်များ ဖြစ်သည်။

“မိမိအနေနဲ့ နောက်ထပ် ၁၅ နှစ် နှစ်၂၀ လောက် ထပ်ပြီး အသက်ဆက်ရှင်နေဦးမယ်ဆိုတာ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းကို ပြောခဲ့ဖူးပါတယ်။ 
အိန္ဒိယမှာပဲ ကွယ်လွန်သွားဖို့ လိုလားပါတယ်။ ဒီက လူတွေမှာ  အတုအယောင်တွေမဟုတ်တဲ့ မေတ္တာတရားကို မြင်တွေ့ရလို့ပါ။ တရုတ်အရာရှိတွေရဲ့ အကြားမှာ သေဆုံးရမယ်ဆိုရင် အတုအယောင်တွေ များပြားလွန်းပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီရှိတဲ့ နိုင်ငံမှာပဲ သေဆုံးချင်တယ်။ တစ်စုံတစ်ဦး နောက်ဆုံးခေါင်းချချိန်မှာ မိမိကို စစ်မှန်တဲ့ ခံစားမှုတွေ ပေးနိုင်ပြီး ယုံကြည်ရတဲ့ မိတ်ဆွေတွေ နံဘေးမှာ ရှိနေဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required