Marca 2022 ဆုပေးပွဲမှာ ဆု ၃ ခု သိမ်းပိုက်ရင်း ဂိုးတွေ 'အများကြီး'သွင်းချင်တယ်လို့ ဘန်ဇီမာ အခိုင်အမာဆို

Marca 2022 ဆုပေးပွဲမှာ ဆု ၃ ခု သိမ်းပိုက်ရင်း ဂိုးတွေ 'အများကြီး'သွင်းချင်တယ်လို့ ဘန်ဇီမာ အခိုင်အမာဆို
Photo: EPA

ဘန်ဇီမာဟာ MARCA 2022 ဆုပေးပွဲ အခမ်းအနားမှာ တစ်ဦးချင်းထူးချွန်ဆု ၃ ခု ရယူသိမ်းပိုက်နိုင်ခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးက ဒီနေရာမှာပဲ ရပ်တန့်သွားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ရှင်းရှင်းလင်းလင်းပဲ ပြောဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ လေ့ကျင့်ရေးကွင်းကနေ အခမ်းအနားကျင်းပရာ ဂိုယာဇာတ်ရုံကို ရောက်ရှိလာပြီး လာလီဂါဂိုးသွင်းအများဆုံးကစားသမားဆု (ပီချီချီဆု)၊ လာလီဂါအကောင်းဆုံးကစားသမားဆု (ဒီစတီဖာနိုဆု)နဲ့ ဟွန်ဒိုင်းပရိသတ်တွေရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဘန်ဇီမာဟာ လိဂ်သွင်းဂိုး ၂၇ ဂိုးသွင်းယူပြီး တစ်ရာသီအကြာမှာ သူဟာ ပီချီချီဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့ပါတယ်။

“ကျနော့်အလုပ်အတွက် အရမ်းဂုဏ်ယူပါတယ်”လို့ သူက ဆိုပါတယ်။ “ဒီနှစ်က ခက်ခဲတဲ့နှစ်ဖြစ်မယ်လို့ ကျနော် ထင်တယ်။ ကျနော် အမြဲတမ်းပဲ အလုပ်တွေ ပိုလုပ်ချင်တဲ့သူပါ။

"လာလီဂါဆုဖလားကို အနိုင်ရဖို့၊ ဂိုးတွေ အများကြီးသွင်းပြီး အရေးကြီးဆုံးကတော့ ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နေဖို့ အပါအဝင် ကျနော်အနေနဲ့ ပိုပြီး အလုပ်ကြိုးစားသွားမှာပါ။

“ပီချီချီဆုကတော့ ကျနော့်အတွက် အရမ်းကို အရေးပါတဲ့ ဆုတံဆိပ်တစ်ခုပါ၊ ကျနော့်အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။

“သူတို့မရှိရင် ကျနော် ဒီနေ့ ဒီနေရာမှာ ရှိနေမှာမဟုတ်ဘူး။ အသင်းပရိသတ်တွေ၊ ကလပ်နဲ့ ဥက္ကဋ္ဌကြီးကိုလည်း ကျေးဇူးတင်ပါတယ်။

“နှစ်တိုင်းက မတူဘူး၊ နှစ်တိုင်း ကျနော်တို့ရဲ့ ပြိုင်ဘက်တွေက လာလီဂါကို အနိုင်ယူချင်ကြပြီး ဒီနှစ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။

"ဒါပေမယ့် ကျနော့်တို့က အင်အားတောင့်တင်းပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရအောင်။"

ပြီးခဲ့တဲ့ရာသီက သွင်းယူခဲ့တဲ့ ဘယ်ဂိုးက သူ့စိတ်ထဲမှာ အမှတ်တရရှိနေသလဲ မေးမြန်းရာမှာ ဒါနဲ့ ပတ်သက်လို့ ဘန်ဇီမာက သံသယမရှိခဲ့ပါဘူး။

“လာလီဂါဆိုရင် နောက်ဆုံးမိနစ်မှာ ဆီဗီလာဘက်ကို သွင်းယူခဲ့တဲ့ဂိုးလို့ ကျနော် ယူဆပါတယ်။

"ချန်ပီယံလိဂ်မှတော့ာ ပီအက်စ်ဂျီနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးပါ။ ထူးခြားတဲ့ညပါပဲ။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly