ပရီးမီးယားလိဂ်ဟာ ပြီးခဲ့သည့်ရာသီ ဥရောပဘောလုံးလောကမှာ ဒဏ်ရာအများဆုံးကို ကြုံတွေ့ခဲ့ရတယ်လို့ သုတေသနအသစ်တစ်ခုက ဖော်ပြ

ပရီးမီးယားလိဂ်ဟာ ပြီးခဲ့သည့်ရာသီ ဥရောပဘောလုံးလောကမှာ ဒဏ်ရာအများဆုံးကို ကြုံတွေ့ခဲ့ရတယ်လို့ သုတေသနအသစ်တစ်ခုက ဖော်ပြ

ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ရာသီက ဥရောပဘောလုံးလောကမှာ ထိပ်တန်းလိဂ်ငါးခုကနေ ကစားသမားတွေ ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်တယ်လို့ အချက်အလက်အသစ်များက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကစားသမားတွေ ဒဏ်ရာ ၁,၂၃၁ ကြိမ်မှာ ချယ်လ်ဆီးအသင်းက ၉၇ ကြိမ်နဲ့ ဒဏ်ရာ အများဆုံးရတဲ့ ကလပ်အသင်းဖြစ်တယ်လို့ သုတေသနက ဆိုပါတယ်။

အင်္ဂလန်ကလပ်တွေဟာ ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ပေါင် ၁၈၄.၅၇ သန်းနဲ့ အကြီးမားဆုံးသော ငွေကြေးဆုံးရှုံးမှုကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ဒဏ်ရာပေါင်းအကြိမ် ၄၈,၁၀ ရှိခဲ့ပြီး ၂၀၂၀-၂၁ ကနေ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

Insurance broker Howden ကနေ ပြုလုပ်တဲ့ သုတေသနမှာ ဥရောပရှိ ကလပ်အသင်းတွေဟာ ဒဏ်ရာကြောင့် စုစုပေါင်း ပေါင် ၅၁၃.၂၃ သန်း ကုန်ကျခဲ့ပြီး ယခင်ရာသီကထက် ၂၉ ရာခိုင်နှုန်း မြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။

ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း (PSG)ဟာ ဒဏ်ရာရကစားသမားတွေကို ပေါင် ၃၄.၂၂ သန်းနဲ့ အများဆုံးပေးချေခဲ့ပါတယ်။

လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ဟာ ၁၁၄ ကြိမ်နဲ့ အနားယူမှု အများဆုံးဖြစ်ပြီး ကုန်ကျစရိတ် ပေါင် ၃၃.၉၅ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ပွဲကြပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ တိုးလာတာနဲ့အတူ ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ကျစရိတ်တွေဟာ ဥရောပကလပ်အသင်းတွေအတွက် ရေရှည်မတည်မငြိမ် ဖြစ်လာတာ ရှိမရှိကို သုတေသနပြုတာပါ။

ထိပ်တန်းကစားသမားတွေဟာ ကစားချိန်ကန့်သတ်ချက်မရှိဘဲ ပင်ပန်းနွမ်းနယ်မှုကို ကြုံတွေ့ရနိုင်တယ်လို့ ပရော်ဖက်ရှင်နယ် ကစားသမားများအဖွဲ့အစည်း FifPro ကနေ မကြာသေးမီက လေ့လာမှုတစ်ခုနဲ့အတူ ထိပ်တန်းမန်နေဂျာတွေဟာ သူတို့ရဲ့ကစားသမားတွေအပေါ် ဖိအားနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ 

၂၀၂၁-၂၂ ရာသီမှာ ထိပ်တန်းလိဂ်ငါးခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ လီဂူးဝမ်းနဲ့ စီးရီးအေတို့မှာ ဒဏ်ရာကုန်ကျစရိတ် ပေါင် တစ်ဘီလီယံခွဲကျော်လွန်သွားခဲ့တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ Howden က ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် (၈၁) ကြိမ်နဲ့ လီဗာပူးလ် (၈၀) ကြိမ်တို့ဟာ ပရီးမီးယားလိဂ်မှာ ဒဏ်ရာအပြင်းထန်ဆုံးဖြင့် ချယ်လ်ဆီးနောက်ကနေ လိုက်ကြပြီး ချန်ပီယံမန်စီးတီးအသင်းမှာ ဒဏ်ရာ (၆၇) ကြိမ်ရှိကာ တစ်ပွဲလျှင် ပျမ်းမျှ ၃ ပွဲ အနားယူခဲ့ပါတယ်။

ဥရောပတစ်ဝှမ်းမှာ ၂၁ နှစ်အောက်ကစားသမားတွေဟာ ဒဏ်ရာ သိသိသာသာတိုးလာခဲ့ပါတယ်။ ၂၀၂၁-၂၂  ရာသီမှာ ၃၂၆ ကြိမ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၈-၁၉ မှာ အကြိမ် ၃၀ သာရှိပါတယ်။

ထပ်တလဲလဲ ဒဏ်ရာရတာတွေလည်း အများကြီးရှိခဲ့ပါတယ်။ မှတ်တမ်းတင်ထားတဲ့ ဒဏ်ရာ အကြိမ် ၄,၈၁၀ မှာ ကစားသမား ၂,၀၉၁ ယောက်ဟာ ကစားသမားတစ်ဦးလျှင် ပျမ်းမျှ ၂.၃ နှုန်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required