ဘာလို့ချ် တက်ကြွလှုပ်ရှားသူများက ဂျီနီဗာရှိ ကုလရုံးရှေ့၌ ပါကစ္စတန်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

By Zee5
25 September 2022
ဘာလို့ချ် တက်ကြွလှုပ်ရှားသူများက ဂျီနီဗာရှိ ကုလရုံးရှေ့၌ ပါကစ္စတန်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပနေစဉ်အတွင်း ဘာလို့ချ် လူ့အခွင့်အရေးကောင်စီ (BHRC) သည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပါကစ္စတန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို စီစဉ် ပြုလုပ်ခဲ့သည်။

ပါကစ္စတန်တွင် စစ်တပ်နှင့် အခြားသော လျှို့ဝှက်အေဂျင်စီများ ကျူးလွန်နေသော စက်ဆုပ်ဖွယ်ကောင်းသည့် အမှုအခင်းများကို စုံစမ်းစစ်ဆေးရန် အချက်အလက် ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ ဘာလိုချီစတန်ပြည်နယ်သို့ စေလွှတ် ပေးရေး ၎င်းတို့က ကုလကို တောင်းဆိုခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲတွင် ဘာလို့ချ်၊ ဆင်ဓီနှင့် ပြည်ပရောက် PoK (ပါကစ္စတန်ထိန်းချုပ်သော ကက်ရှ်မီးယား) အစုအဖွဲ့တို့မှ ခေါင်းဆောင်များက မိန့်ခွန်းပြောခဲ့ကြပြီး ဘာလိုချီစတန်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း အလေးပေး ပြောခဲ့ကြကာ ထိုဖြစ်စဉ်များက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ကြောင်း ပြောခဲ့ကြသည်။
 
ထို့နောက် ပါကစ္စတန်အာဏာပိုင်တို့၏ “လူသတ်ပြီး စွန့်ပစ်” မူဝါဒနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် ဘာလိုချီစတန်သို့ အချက်အလက် ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးရေး တောင်းဆိုသည့် မှတ်စုတစ်စောင်ကို ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးထံ ဆန္ဒပြသူများက တင်သွင်းခဲ့ကြသည်။

“ပါကစ္စတန်အာဏာပိုင်တွေ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမဆန်မှုတွေကို ဆန့်ကျင်ဆန္ဒပြဖို့ ကျွန်တော်တို့ ဒီမှာ စုဝေးကြတာပါ။ အရိုးသားဆုံး ပြောရရင် ပါကစ္စတန်နိုင်ငံထူထောင်ပြီး ဘာလိုချီစတန်ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဘာလို့ချ်တွေ၊ ဆင်ဓီတွေနဲ့ ပက်ခ်တွန်တွေအတွက် ပါကစ္စတန်အာဏာပိုင်တို့ဟာ ကျိန်စာတစ်ခု ဖြစ်နေပါတယ်” ဟု BHRC ၏ အထွေထွေအတွင်းရေးမှူး ဆာမက်ဒ် ဘာလို့ချ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required