တရုတ်၏ လွဲမှားသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တိဗက်တို့၏ ဘဝကို ထိခိုက်စေ

တရုတ်၏ လွဲမှားသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တိဗက်တို့၏ ဘဝကို ထိခိုက်စေ

တိဗက်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာပြီးနောက် ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒ ကျင့်သုံးရန် တရုတ်အစိုးရချမှတ်ထားသော ပြင်းထန်သော အစီအမံများသည် တိဗက်လူမျိုးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်။

“ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။ တိဗက်မှာ ကပ်ရောဂါ ဖြစ်ပွားမှုရဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုကတော့ တရုတ်ရဲ့မအောင်မြင်တဲ့ ကိုဗစ်မူဝါဒကို အကောင်အထည်ဖော်မှုပါပဲ” ဟု ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိဗက်များသည် လူများစုပြုံနေသော သီးသန့်ခွဲခြားနေထိုင်ရာနေရာများ၊ အစားအသောက်ရှားပါးမှု၊ ဆေးဝါးပြတ်လပ်မှုနှင့် သန့်ရှင်းမှုကင်းမဲ့သောအခြေအနေများကို တိုင်တန်းခဲ့ကြသည်။
 အခြေအနေမှာ အကျဉ်းသားတစ်ဦးထက်ပင် ဆိုးရွားနေပြီး ကိုဗစ်အသွားအလာပိတ်ဆို့မှုအောက်၌ ဆိုးရွားသော နေထိုင်မှုအခြေအနေကြောင့် ဆန္ဒပြသော တိဗက်တစ်ဦးမှာလည်း ရိုက်နှက်ခံခဲ့ရသည်ဟု တိဗက်တချို့က ပြောသည်။

တိဗက်ရှိ တိဗက်လူမျိုးများသည် အားကိုးရာမဲ့သောပြည်နယ်တွင် ပိတ်မိလျက်ရှိပြီး အစိုးရသည် စွမ်းဆောင် နိုင်သော နိုင်ငံအဖြစ် ထင်မြင်စေရန် ၎င်းမူဝါဒကိုသာ တစ်စိုက်မတ်မတ်အကောင်အထည်ဖော်နေသည်။ 
 တရုတ်သည် ယခုနှစ် ဩဂုတ် ၈ ရက်က လာဆာနှင့်ဂါရီမြို့တို့တွင် ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးတွေ့ရှိခဲ့ကာ တိဗက်တွင် ပထမဆုံး ကိုဗစ်ရောဂါဖြစ်ပွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရက်သတ္တပတ်များစွာအတွင်း လူပေါင်း ၃၆၂၇ ဦး ကူးစက်ခဲ့ကာ လျင်မြန်သောကူးစက်မှုဖြစ်ကြောင်း ညွှန်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required