ဝီဂါအသိုင်းအဝိုင်းက တရုတ်နိုင်ငံတွင်း အခွင့်အရေးချိုးဖောက်မှုများကို သတိထားမိကြစေရန် ဩစတြီးယား၌ ဓာတ်ပုံပြပွဲ ကျင်းပ

ဝီဂါအသိုင်းအဝိုင်းက တရုတ်နိုင်ငံတွင်း အခွင့်အရေးချိုးဖောက်မှုများကို သတိထားမိကြစေရန် ဩစတြီးယား၌ ဓာတ်ပုံပြပွဲ ကျင်းပ

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေမှုကို ပြသရန် ဝီဂါအဖွဲ့အစည်းက  ကြီးမှူး၍  ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ စတက်ဖန်ရင်ပြင်၌ စက်တင်ဘာ ၂၂ ရက်က ဓာတ်ပုံပြပွဲကိုတစ်ခုကို ပြုလုပ်ခဲ့သည်။

ဗီယင်နာမှ  ဝီဂါအသိုက်အဝန်းဥက္ကဌ မက်ဗ်လန်ဒီဆက်က တရုတ်ကွန်မြူနတီပါတီ (CCP) ၏ ရက်စက် ယုတ်မာ မှုများနှင့် ရှင်ကျန်းဒေသရှိ ထိန်းသိန်းရေးစခန်းများမှ လူမဆန်သော အခြေအနေများကို အလေးထားကာ မိန့်ခွန်း ပြောကြားခဲ့သည်။

ဝီဂါကွန်ဂရက်ဥက္ကဋ္ဌ ဒေါ်လ်ကန်အီစာပါဝင်သော ဓာတ်ပုံပြပွဲတွင် ရှင်ကျန်းဒေသရှိ ထိန်းသိမ်းရေးစခန်းများတွင် ပိတ်မိနေသူများနှင့် ပျောက်ဆုံးသွားသူများ၏ ဓာတ်ပုံများကို ပြသထားသည်။

ယင်းပြပွဲမတိုင်မီတစ်ရက်က ဒေါ်လ်ကန်သည် ဩစတြီးယားပါလီမန်အမတ် ဂူဒရန်ကူလာနှင့် ထိန်းသိမ်းရေး စခန်းမှ လွတ်မြောက်လာသူ ဆာရာဂူဆာအက်ဘေးတို့နှင့် အစည်းအဝေးကျင်းပခဲ့ပြီး ဂရင်းပါတီအမတ် အီဝါအန်း ဇီဇစ်လည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဒေါ်လ်ကန်အီစာက ဝီဂါများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို အသိအမှတ်ပြုရန် ဩစတြီးယား ပါလီမန်အမတ်နှင့် ဂရင်းပါတီအဖွဲ့ဝင်များကို မေတ္တာရပ်ခံကာ ထောက်ခံပေးရေး အကူအညီတောင်းခံခဲ့သည်။

ယခုလအစောပိုင်းက အလွတ်တန်းကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များက ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှ လူတစ်ဦးချင်းစီနှင့် လူနည်းစုများကို အကွက်ချလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုများအပေါ် စိုးရိမ်နေမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မသိကျိုးကျွံ မပြုသင့်ကြောင်း ပြောကြားခဲ့ကြသည်။

ကျွမ်းကျင်ပညာရှင်များက တရုတ်အရေးနှင့်ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ရပ်ကျင်းပရန် လူ့အခွင့်ရေး ကောင်စီကို တောင်းဆိုသင့်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required