တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ဟောင်ကောင်သည် ကမ္ဘာ့လေကြောင်းဗဟိုချက်နေရာကို ဆုံးရှုံး

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ဟောင်ကောင်သည် ကမ္ဘာ့လေကြောင်းဗဟိုချက်နေရာကို ဆုံးရှုံး

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ဟောင်ကောင်သည် ကမ္ဘာ့လေကြောင်း ဗဟိုချက်အဖြစ်ဆုံးရှုံး နေကြောင်း လေကြောင်းလိုင်းများအဖွဲ့ IATA မှအကြီးအကဲက စက်တင်ဘာ၂၁ရက်တွင် ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်က ယင်းကန့်သတ်ချက်များကို ဆက်လက်လုပ်ဆောင်ပါကလေကြောင်းလိုင်းများ ပြန်လည်နလန်ထမှု နှေးကွေးသွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

ကာတာမြို့တော်ဒိုဟာတွင်နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (IATA) ညီလာခံကိုတက်ရောက်စဉ် IATA ညွှန်ကြားရေးမှူးချုပ်ဝီလီဝေးက တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ဟောင်ကောင်ကို ပျက်စီးစေခဲ့ပြီး Cathay Pacific လေကြောင်းလိုင်းကိုပြင်းထန်စွာထိခိုက်ခဲ့ကြောင်းပြောကြားခဲ့သည်။

“ဟောင်ကောင်ကကမ္ဘာလုံးဆိုင်ရာအချက်အချာနေရာကို ဆုံးရှုံးလာနေပြီး တခြားအချက်အချာ ကျတဲ့နေရာတွေကအခွင့်ကောင်းယူလာတာကြောင့်မူလနေရာပြန်လည်ရရှိဖို့ ရုန်းကန်နေ ရပါတယ်”ဟု ဗိုင်းရပ်စ်ကိုမဟုတ်ဘဲအစိုးရမူဝါဒများကို  ၎င်းကအပြစ်တင်ခဲ့သည်။

ဟောင်ကောင်သည်အစဉ်အလာအားဖြင့်နိုင်ငံတကာလေကြောင်းများနှင့် တရုတ်သို့ခရီးသွားရာတွင် ခရီးသည်များ ကြားခံစီးရသည့် အဓိကအချက်အချာနေရာဖြစ်ပြီး Cathay Pacific ၏ အခြေစိုက်စခန်းလည်း ဖြစ်သည်။

၂နှစ်ကြာကန့်သတ်မှုများပြီးနောက်ခရီးသွားလိုသူများစိတ်အားထန်သန်မှုကြောင့်လေကြောင်းလိုင်းအမှုဆောင် များမျှော်မှန်းထားသည်ထက်ခရီးသွားများပိုမိုများပြားလာသဖြင့်ကမ္ဘာလုံးဆိုင်ရာခရီးသည်များ၏ သွားလာမှုပြန်လည်ကောင်းမွန်လာခြင်းမှာ မြောက်ကမ္ဘာခြမ်း၏ နွေရာသီတွင် မြင့်တက်လာခဲ့သည်။

သို့သော်တရုတ်တွင်ကိုဗစ်-၁၉ဆက်စပ်သောနယ်စပ်နှင့်လူမှုရေးဆိုင်ရာကန့်သတ်ချက်များကို တင်းတင်းကျပ်ကျပ် ဆက်လက်ကျင့်သုံးခြင်း ကြောင့်ပြန်လည်နာလန်ထမှုမှာဟန်ချက်မညီဖြစ်နေသည်။
 
ယခုနှစ်တွင်အပြောင်းအလဲများရှိလာမည်ဟုယခင်ကမျှော်လင့်ထားကြောင်းပြောကြားခဲ့ပြီးတရုတ်ကကန့်သတ် ချက်များကို ဖြေလျှော့ပေးမည့်အရိပ်အယောင်များကို IATA ကအနီးကပ်စောင့်ကြည့်နေကြောင်း ဝေးကပြောကြားခဲ့သည်။

၂၀၂၃ခုနှစ်အထိကန့်သတ်ချက်များဆက်ရှိနေမည်ဆိုပါကလေကြောင်းလိုင်းစီးပွားရေးကိုထိခိုက်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required