ရှင်ကျန်းတွင် ကိုဗစ်အသွားအလာပိတ်ဆို့မှုကြောင့် တစ်ရက်အတွင်း လူ ၂၂ ဦး အစာငတ် သေဆုံး

ရှင်ကျန်းတွင် ကိုဗစ်အသွားအလာပိတ်ဆို့မှုကြောင့် တစ်ရက်အတွင်း လူ ၂၂ ဦး အစာငတ် သေဆုံး

တရုတ်နိုင်ငံ မြောက်ပိုင်း ရှင်ကျန်းပြည်နယ် ဂူဂျာမြို့၌ ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာပိတ်ဆို့မှုများ ချမှတ် ထားချိန်တွင်  ပြီးခဲ့သည် သီတင်းပတ်ကတစ်ရက်အတွင်း အစာရေစာပြတ်လပ်မှု သို့မဟုတ် ဆေးကုသမှု မရှိခြင်းကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  ရဲတပ်ဖွဲ့နဲ့ ကျန်ရစ်သူ မိသားစုဝင်များ၏ အတည်ပြုချက်အရ RFA က သိရှိခဲ့သည်။

ဝီဂါနှင့်တခြားတာကစ်မွတ်စလင် ၅ သိန်းခန့်ရှိသော ဂူဂျာမြို့သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်  ဩဂုတ်လအစောပိုင်းကတည်းက အသွားအလာပိတ်ဆို့ခံခဲ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်က ဂူဂျာရှိ ရွာတစ်ရွာမှ ဝီဂါအများစုပါသော လူ ၆၀၀ ကျော်သည် ကိုဗစ်-၁၉ စည်းမျဉ်းများကို မသိကျိုးကျွံပြုကာ ငတ်မွတ်မှုနှင့် သေဆုံးမှုများဖြစ်စေခဲ့သော အစာရေစာ ပြတ်လပ်မှုကိုဆန့်ကျင်သည့်အနေဖြင့် လမ်းမပေါ်ထွက်၍ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် ရှင်ကျန်း အာဏာပိုင်များ၏ထိန်းသိမ်းမှုကို ခံခဲ့ရသည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအောက်မှ ဒေသခံများသည် အစားအသောက်နှင့် ဆေးကုသမှုရဖို့အရေး အခက်တွေ့နေပြီး တချို့မိသားစုဝင်များသည် အစာငတ်ကာသေဆုံးခဲ့ကြကြောင်း ဝီဂါများက လူမှုမီဒီယာ များပေါ်တွင် ဗီဒီယိုများတင်ခဲ့ပြီးနောက် အစိုးရဆင်ဆာအဖွဲ့က အလျင်အမြန် ဖြုတ်ချခဲ့သည်။

ပြီးခဲ့သော သီတင်းပတ် စက်တင်ဘာ ၁၅ ရက်က အစာငတ်သေဆုံးသူများနှင့်ပတ်သက်၍မေးမြန်းရာ ဂူဂျာမြူနီစီပယ်အရာရှိက ၂၀ ဦးသေဆုံးကြောင်း ပြောခဲ့ပြီး အသေးစိတ်ပြောရန် ငြင်းဆိုခဲ့သည်။

ဂူဂျာမြူနီစီပယ်အရေးပေါ်တုံ့ပြန်မှုဌာနမှ တခြားအရာရှိတစ်ဦးက သေဆုံးသူ ၂၂ ဦးရှိကြောင်း RFA သို့ အတည်ပြုခဲ့ပြီး အသေးစိတ်ကိုမူ ထပ်မပြောပေ။

အိမ်ရာစီမံခန့်ခွဲရေးအရာရှိများက ပြင်ပမှလှူဒါန်းသော အစားအစာများကို ပို့ဆောင်ပေးရန် အခကြေးငွေ အဆမတန်ကောက်ခံကြောင်း မြို့အတွင်းရှိ ဝီဂါများက စောဒကတက်ကြသလို ဂူဂျာမြို့ပြင်ပမှ ဝီဂါများ ကလည်း အိမ်ရာစီမံသူများသည် လှူဒါန်းသောရိက္ခာများကို လက်မခံကြကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required