သမ္မတရှီကျင့်ဖျင် အာဏာမြဲရန် တရုတ်ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံကို ပြင်ဆင်မည်

သမ္မတရှီကျင့်ဖျင် အာဏာမြဲရန် တရုတ်ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံကို ပြင်ဆင်မည်

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခွင့်အာဏာကို ပိုမိုခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် လာမည့်လ ၂၀ ကြိမ်မြောက်ပါတီကွန်ဂရက်တွင် ၎င်း၏ဖွဲ့စည်းပုံကို ပြင်ဆင်ရန် မျှော်လင့်ထားသည်။

ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုသည် လာမည့် ၁၉ ကြိမ်မြောက် CCP ဗဟိုကော်မတီ၏ လာမည့် သတ္တမ အကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် တင်ပြမည့် စာတမ်းများကို ညှိနှိုင်းရန် ယခုလအတွင်း အစည်း အဝေး တစ်ခု ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြသည်။

အဆိုပါစာတမ်းများတွင် ၂၀ ကြိမ်မြောက် CCP အမျိုးသားကွန်ဂရက်သို့တင်သွင်းမည့်၁၉ ကြိမ်မြောက် CCP ဗဟိုကော်မတီ၏ အစီရင်ခံစာမူကြမ်း၊ ပါတီဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်မူကြမ်းနှင့် ၂၀ ကြိမ်မြောက် CCP အမျိုးသားကွန်ဂရက်ဆိုင်ရာ၁၉ ကြိမ်မြောက်စည်းကမ်းစစ်ဆေးရေးCCP ဗဟိုကော်မရှင် (CCDI) ၏ လုပ်ငန်းဆိုင်ရာမူကြမ်း အစီရင်ခံစာတို့ ပါဝင်သည်။ 

စက်တင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ၁၉ ကြိမ်မြောက် CCP ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုမှ  ပါတီနှင့် အစိုးရ၏ ကျင့်ဝတ်တိုးတက်ရေးဆိုင်ရာ အချက် ၈ ချက်ပါ ဆုံးဖြတ်ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာနှင့် ၂၀၁၇ ခုနှစ် ၁၉ ကြိမ်မြောက် CCP အမျိုးသားကွန်ဂရက်မှစတင်၍ အခြေခံလူတန်းစားများအတွက် လုပ်ဆောင်နေသော ၀န်ထုပ်ဝန်ပိုးများကို လျှော့ချခြင်းနှင့် အဓိပ္ပာယ်မဲ့သော လုပ်ထုံးလုပ်နည်းများ ပြုပြင်ခြင်းဆိုင်ရာ လုပ်ငန်းအစီရင်ခံစာတို့ကို ပြန်လည်သုံးသပ်ခဲ့သည်ဟု ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

 အစည်းအဝေးတွင် ပေါ်လစ်ဗျူရိုက ၂၀၁၇ မှစ၍ အကျင့်ပျက်ခြစားမှုဆိုင်ရာအရေးယူမှုများသည် အကျိုးကျေးဇူးများရှိကြောင်း မှတ်ချက်ပြုသည်။ ၎င်းသည် အနာဂတ်စည်းမျဉ်းများအတွက် ရှီ၏အတွေးအခေါ်များကို လက်ခံရန် ပါတီက ဆန္ဒရှိကြောင်း အချက်ပြခြင်းမှာ သိသာထင်ရှားသည်ဟု The HK Postကဖော်ပြသည်။

CCP ဖွဲ့စည်းပုံကို အမျိုးသားကွန်ဂရက်ကျင်းပချိန် ၅ နှစ်တစ်ကြိမ်သာ ပြင်ဆင်နိုင်သည်။ ၎င်းဖွဲ့စည်းပုံသည် ပါတီ၏ အလုံးစုံခေါင်းဆောင်မှုပိုင်းကို ထိန်းသိန်းရန် ကြိုပမ်းအားထုတ်မှုများကို စည်းမျဉ်းချမှတ်ခြင်းနှင့် ထိန်းကျောင်းခြင်းတို့တွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်သည်။ 

တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်အတွေးအမြင်ကို ပြဋ္ဌာန်းသော ပြင်ဆင်ချက်များလုပ်ဆောင်ခဲ့သည့် ၂၀၁၇ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံကို နောက်ဆုံးပြင်ဆင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly