သမ္မတရှီက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်သည့်အနေဖြင့် မဟာမိတ်များနှင့်ညစာစားပွဲကို မတက်ရောက်

By Straits Times 
21 September 2022
သမ္မတရှီက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်သည့်အနေဖြင့် မဟာမိတ်များနှင့်ညစာစားပွဲကို မတက်ရောက်

တရုတ်သမ္မတရှီကျင့်ဖျင်သည် သူ၏ ကိုယ်စားလှယ်အဖွဲ့မှ ချမှတ်ထားသည့် ကိုဗစ်-၁၉မူဝါဒအရ ဒေသဆိုင်ရာ လုံခြုံရေးထိပ်သီးအစည်းအဝေးတွင် နိုင်ငံ၁၁နိုင်ငံမှခေါင်းဆောင်များနှင့် ညစာစားပွဲကို မတက်ရောက်ခဲ့ကြောင်း ဥဇဘက်ကစ္စတန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသို့ စက်တင်ဘာ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍၎င်း၏ပထမဆုံးနိုင်ငံခြားခရီးစဉ်ကိုထွက်ခွာလာသည့်သမ္မတရှီသည် ဥဇဘက်နိုင်ငံရှိဆမာခန်မြို့တွင် တရုတ်နှင့်ရုရှားဦးဆောင်သေ ာရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ၏ အစည်းအဝေးသို့ယခုသီတင်းပတ်တွင်တက်ရောက်ခဲ့သည်။

သို့သော် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တူရကီသမ္မတ အာဒိုဂန်တို့အပါအဝင် ခေါင်းဆောင်များက ညစာစားပွဲတက်ရောက်သော်လည်း စက်တင်ဘာ၁၆ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည့် အုပ်စုဓာတ်ပုံများတွင် သမ္မတရှီ မပါဝင်ခဲ့ပေ။ 

ဥဇဘက်အစိုးရသတင်းရင်းမြစ်တစ်ခုက ရှီမပါဝင်ကြောင်း အတည်ပြုခဲ့ပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့က ယင်းတို့၏ကိုဗစ်-၁၉မူဝါဒကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အသက်၆၉နှစ်ရှိပြီဖြစ်သောရှီသည်အောက်တိုဘာလတွင်စတင်မည့်ကွန်မြူနစ်ပါတီကွန်ဂရက်တွင်သမိုင်းဝင် တတိယအကြိမ်ခေါင်းဆောင်ရာထူးကို ရယူရန် ပြင်ဆင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly