တရုတ်နိုင်ငံမှ တရားရေးဝန်ကြီးဟောင်းအဂတိလိုက်စားမှုဖြင့် သေဒဏ်ချမှတ်ခံရ

တရုတ်နိုင်ငံမှ တရားရေးဝန်ကြီးဟောင်းအဂတိလိုက်စားမှုဖြင့် သေဒဏ်ချမှတ်ခံရ

တရုတ်နိုင်ငံ၏ တရားရေးဝန်ကြီးဟောင်းနှင့် ပြည်သူ့လုံခြုံရေးထိပ်တန်းအရာရှိ ဖူကျန်းဟွာသည် အကျင့်ပျက်ခြစားမှုနှင့် အာဏာအလွဲသုံးစားမှုများအတွက် ၂နှစ် ဆိုင်းငံ့ဖြင့်  သေဒဏ်စီရင်ချက် ချမှတ်ခံရကြောင်း China Daily က ဖော်ပြသည်။

ကျီလင်းပြည်နယ် ချန်ချန်းမြို့ရှိ ပြည်သူ့တရားရုံးက အမိန့်ကြေညာစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အစောပိုင်းတွင် ဖူသည် ပေကျင်းမြူနီစီပယ် ပြည်သူ့လုံခြုံရေးဗျူရို၏ အကြီးအကဲ၊ ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးနှင့် တရားရေးဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ဖူသည် ၎င်း၏တရားဝင် အခွင့်အာဏာ သို့မဟုတ် ရာထူးကို အခွင့်ကောင်းယူကာ အခြားသူများအတွက် လုပ်ငန်းလည်ပတ်မှု၊ တရားဝင်ရာထူးများနှင့် ဥပဒေရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြတ်အစွန်းများ ရရှိစေခြင်းနှင့် အပြန်အလှန်အားဖြင့် ဖူသည်  ယွမ် ၁၁၇ သန်း (အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ သန်း) တန်ဖိုးရှိ ငွေကြေး နှင့် လက်ဆောင်များကို တိုက်ရိုက် သို့မဟုတ် ၎င်း၏ ဆွေမျိုးများမှတစ်ဆင့် တရားမဝင် လက်ခံခဲ့ သည်ဟု အစိုးရရှေ့နေများကို ကိုးကား၍ China Daily က ဖော်ပြသည်။

အစောပိုင်းတုန်းကလည်း တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍမှ ထိပ်တန်းအရာရှိတစ်ဦးကို လာဘ်ယူမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း ရှေ့နေချုပ်ရုံးက ထုတ်ပြန် ခဲ့သည်။

တရုတ်နိုင်ငံသည် ယင်းကဲ့သို့သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သူများကို နှိမ်နင်းနေပြီး ရာထူးအဆင့် အလွန်မြင့်သော အရာရှိတစ်ဦးကို ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံသည် ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင်သော အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် ဆုံးဖြတ်ထားသည်။

ထို့ပြင် မကြာသေးမီကလည်း ထိပ်တန်းဘဏ္ဍာရေးဆိုင်ရာ အစိုးရအရာရှိများကို စုံစမ်းစစ်ဆေးပြီး ပါတီမှ ထုတ်ပယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required