လူနည်းစုများအပေါ်ဖိနှိပ်သည့် တရုတ်က ဒီမိုကရက်တစ်အုပ်ချုပ်မှုအထိမ်းအမှတ် အမျိုးသားနေ့ကျင်းပ

လူနည်းစုများအပေါ်ဖိနှိပ်သည့် တရုတ်က ဒီမိုကရက်တစ်အုပ်ချုပ်မှုအထိမ်းအမှတ် အမျိုးသားနေ့ကျင်းပ

တရုတ်တွင်ဘုရင်စနစ်အဆုံးသတ်သွားသည့် အထိမ်းအမှတ်အဖြစ်နှစ်စဉ် အောက်တိုဘာလ၁ရက်ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ကျင်းပလေ့ရှိသော်လည်း ကွန်မြူနစ်နိုင်ငံသည် လူနည်းစုများအပေါ် ဖိနှိပ်ချုပ်ချယ်သည့် ရပ်တည်ချက်တစ်ရပ်ကို ကျင့်သုံးနေခြင်းမှာ ဝမ်းနည်းစရာပင်ဖြစ်သည်။
 
တရုတ်အမျိုးသားနေ့ကိုတရုတ် နိုင်ငံ သမိုင်းတွင် အထင်ရှားဆုံးမှတ်တိုင်တစ်ခုအဖြစ်သတ်မှတ်ပြီး ဒီမိုကရေစီခရီးလမ်း၏ အစပြုမှုကို အမှတ်အသားပြုသော်လည်းတစ်ဖက်တွင် တရုတ်သည် လူနည်းစုများအပေါ်ဖိနှိပ်ချုပ်ချယ်သောနိုင်ငံအဖြစ်လူသိများလှကြောင်း HK Post ကဖော်ပြသည်။

တရုတ်ကတရုတ်ပုံစံဒီမိုကရေစီကို “အတိုင်ပင်ခံ ဒီမိုကရေစီ”ကြွေးကြော်လေ့ရှိသော်လည်း သမ္မတရှီအာဏာရလာချိန်မှစ၍ ကျဆင်းသွားခဲ့သည်။

သမ္မတရှီ၏အုပ်ချုပ်မှုအောက်တွင်တရုတ်ကွန်မြူနစ်ပါတီသည်အရပ်သားအခွင့်အရေးလှုပ်ရှားသူများ၊ဘာသာရေးယုံကြည်သူများနှင့်လူမျိုးစုလူနည်းစုများအပေါ်ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
 
ရှီကျင့်ဖျင်၏ “တစ်နိုင်ငံ၊လူမျိုးတစ်မျိုး”ကိုအကောင်အထည်ဖော်ရန် ကြိုးပမ်းမှုသည် ခွဲခြားဆက်ဆံမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုပြင်းထန်စွာရင်ဆိုင်နေရသောနိုင်ငံတွင်းရှိတိုင်းရင်းသားလူနည်းစုများ၏ဆင်းရဲဒုက္ခကိုပိုမိုဆိုးရွားလာစေခဲ့သည်ဟု HK Post ကဖော်ပြခဲ့သည်။

တရုတ်အစိုးရသည်ဒေသန္တရအစိုးရဌာနများတွင်တိုင်းရင်းသားလူနည်းစုများကိုပါဝင်ခွင့်ပေးခြင်းက တရုတ်က တရားမျှတသည်ဟူသောယုံကြည်ချက်ကို ကမ္ဘာတစ်ဝန်းလုံးကတွေ့မြင်စေရန် အမြင်ကောင်းရုံဖော်ပြချက် တစ်ခုသာဖြစ်သည်။

သို့သော်လည်းတရားဝင်မူဝါဒများတွင်လူမျိုးရေးခွဲခြားဆက်ဆံမှုသည်ရှင်းရှင်းလင်းလင်းရှိပြီးယင်းတို့နှင့်သက်ဆိုင်သည့်လူများကိုအမြဲတမ်းဖိနှိပ်ပြီးရန်လိုသည့်သဘောဖြင့်ဆက်ဆံခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာဖိုရမ် (IIFRAS) ၏အစီရင်ခံစာအရတရုတ်တွင်ဟန်လူမျိုးကြီးဝါဒသည် အလွန်အားကောင်းနေဆဲဖြစ်ပြီး ယင်းကလူနည်းစုတိုင်းရင်းသားများ၏အစဉ်အလာများနှင့် ဓလေ့ထုံးတမ်းများ ကိုအချိန်တိုင်း မလေးစားဘဲ ယင်းတို့ကို သုတ်သင်ရန်သာရည်ရွယ်သည်။

တရုတ်တို့သိမ်းပိုက်ထားသောမွန်ဂိုလီးယားဒေသတွင်မွန်ဂိုဘာသာစကားအသုံးပြုမှုကိုလျှော့ချရန်ရည်ရွယ်သည့် မူဝါဒသစ်တစ်ရပ်ကို ချမှတ်လိုက်သောအခါ ဒေသခံများ၏ကြီးမားသော ကန့်ကွက်မှုကိုကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly