ကိုဗစ်စည်းကမ်းကိုင်တွယ်ရာ၌ ချွတ်ယွင်းချက်များပေါ် တိဗက်တာဝန်ရှိသူများက တောင်းပန်

ကိုဗစ်စည်းကမ်းကိုင်တွယ်ရာ၌ ချွတ်ယွင်းချက်များပေါ် တိဗက်တာဝန်ရှိသူများက တောင်းပန်

တိဗက်ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ လာဆာမြို့မှ အမှုဆောင် ဒု-မြို့တော်ဝန် ဒရက်ဂျူက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အခြေအနေကို ကောင်းစွာ မကိုင်တွယ်နိုင်သည့်အပေါ် ပြည်သူများကို တောင်းပန်လိုက်သည်ဟု China Dailyကဖော်ပြသည်။ 

ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ဆောင်ရွက်ချက်များနှင့် မူဝါဒများကို ပြင်ဆင်မှု၊ ကိုင်တွယ်မှု၊ တုံ့ပြန်မှုနှင့် အကောင် အထည်ဖော်မှုတို့တွင် အားနည်းချက်များရှိသည်ကို ဝန်ခံကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒရက်ဂျူက ပြောကြားခဲ့သည်။

“ရောဂါဖြစ်ပွားတဲ့ အစောပိုင်းအဆင့်တွေမှာ လုံလောက်တဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေ မလုပ်ဆောင်နိုင်တဲ့အတွက် တချို့ရပ်ကွက်အဖွဲ့အစည်းတွေမှာ နောက်ဆက်တွဲ စစ်ဆေးစမ်းသပ်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ စမ်းသပ်မှုရလဒ်က လည်း နှေးတယ်။ တချို့စမ်းသပ်မှုရလဒ်တွေကလည်း မတိကျဘူး” ဟု ဒရက်ဂျူက ဆိုသည်။

အများသုံး သန့်စင်ခန်းနှင့် သောက်ရေများကို မျှဝေသုံးဆောင်ကြသော ဒေသခံအများအပြားကို အချင်းချင်း  ကူးစက်မှုမှ ရှောင်ရှားနိုင်စေရန် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရန် အဆင်ပြေသောနေရာများသို့ ပို့ဆောင် ပေးခဲ့သည်ဟု ဒရက်ဂျူက ပြောကြားခဲ့သည်။

ထို့ပြင် ယာယီဆေးရုံများသည် လူနာများကို ကုသရန် အလျင်စလိုတည်ဆောက်ခဲ့သည်များရှိသလို ချွတ်ယွင်းချက်များ သည် ယာယီဆေးရုံအချို့၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများကြောင့်လည်း ပါဝင်သည်။ 

အချို့သော ယာယီဆေးရုံများသည် ထောက်ပံ့ပို့ဆောင်ရေးအတွက် အရည်အချင်းမပြည့်မီသလို ၎င်းတို့တွင် အချိန်မှန် သန့်ရှင်းရေးမလုပ်ခြင်းနှင့်  အမှိုက်စွန့်ပစ်ခြင်းကဲ့သို့သော ပြဿနာများ ရှိသည်။

" လာဆာမြို့သူမြို့သားတွေအားလုံးနဲ့ ကပ်ရောဂါကြောင့် ပိတ်မိနေသူတွေကို မြို့တော်အစိုးရကိုယ်စား ကျွန်တော် အလေးအနက် တောင်းပန်ပါတယ်။ အစိုးရဟာ စိန်ခေါ်မှုအားလုံးကိုတိုက်ရိုက်ရင်ဆိုင်ပြီး ကပ်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အစီအမံတွေကို ပိုမို တိုးတက်ကောင်းမွန်အောင် ချွတ်ယွင်းချက်တွေကို ပြင်ဆင်သွားမှာပါ” ဟု ဒရက်ဂျူက ပြောကြားသည်။

လာဆာတွင် စက်တင်ဘာ ၁၉ ရက်က ဒေသတွင်းကူးစက်ခံရသည့် ဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦးနှင့် ရောဂါ လက္ခဏာမပြဘဲ ကူးစက်ခံထားရသူ ၁၇၈ ဦးရှိကြောင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ လာဆာ ထိပ်တန်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုအတောအတွင်း တရုတ်အာဏာပိုင်များက အချိန်မီ ဆေးကုသမှုမပေးနိုင်သဖြင့် တိဗက်လူမျိုး ၃ ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု RFA က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required