တရုတ်က ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကိုအသုံးချပြီး တိဘက်လူမျိုးများကို ဖိနှိပ်နေ

တရုတ်က ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကိုအသုံးချပြီး တိဘက်လူမျိုးများကို ဖိနှိပ်နေ

တိဗက်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုတိုးလာနေချိန်တွင် တရုတ်အစိုးရက အခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ပြီး တိဗက်လူမျိုးများကို ထပ်မံဖိနှိပ်ရန် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကို အသုံးချနေသည်။

တိဗက်လူမျိုးများသည် ပြင်းထန်သော သီးခြားခွဲထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လူစုလူဝေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာခြင်းမရှိသော လူအစုအဝေးအလိုက်စမ်းသပ်သည့် နေရာများအကြောင်း ပြောဆိုနေသည့် ဗီဒီယိုအများအပြားလူမှုမီဒီယာတွင်ပျံ့နှံ့နေသဖြင့်တိဗက်လူမျိုးများ၏အခြေအနေမှာစိုးရိမ်စရာ ကောင်းသည်ဟုတိဗက်အခွင့်အရေးစုပေါင်းအဖွဲ့က ဖော်ပြလိုက်သည်။

အစားအစာနှင့် ဆေးဝါးများမရရှိနိုင်ခြင်း၊ စားသုံးရန်သင့်လျော်သည့် အစားအစာ၊သောက်သုံးရေ မရှိခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းမရှိဘဲပိတ်ဆို့ကန့်သတ်မှုများကြောင့်တိဗက်လူမျိုးများ၏ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာခြင်းတို့ကို ဗီဒီယိုများတွင်တွေ့မြင်နေရသည်။

ဗီဒီယိုတစ်ခုတွင် စုပေါင်းစခန်းတစ်ခုတွင် တရုတ်ကျန်းမာရေးဝန်ထမ်းများသည်တိဗက်များ၏ မျက်နှာများကို 'ပိုးသတ်ရန်' ဟု ဆိုကာ ဓာတုဆေးများဖြန်းနေသည်ကိုဖော်ပြနေသည်။

ချင်ဟိုင်ရှိတိဗက်အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ကလေးငယ်ကို ကိုဗစ်လုပ်သားများက တိုက်ရိုက် ဆေးဖျန်းပေးနေသည်ကိုမြင်တွေ့ခဲ့ရသည်။

လာဆာမြို့မှပရိဒေဝဖိစီးနေသည့် အမျိုးသမီးတစ်ဦးက ကိုဗစ်ကာကွယ်ရေးခေါင်းစဉ်ဖြင့် ထိန်းသိမ်း ခံထားရသူများကို လုံလောက်သော အစားအစာနှင့်ပြုစု စောင့်ရှောက်မှုများ မပေးနိုင်သည့်အတွက် အာဏာပိုင်များ အား ပြစ်တင်ဝေဖန်သည့် ဗီဒီယိုကိုတင်ခဲ့သည်။

ဗီဒီယိုထဲတွင်အကျဉ်းကျခံနေရသည့်အခြေအနေကထောင်ထဲမှာထက်ပိုဆိုးရွားကြောင်း တိဗက်အခွင့်အရေး စုပေါင်းဆောင်ရွက်သူများအဖွဲ့က ပြောကြားလိုက်သည်။

တိဗက်ရှိစားသောက်ဆိုင်များ၊ဈေးဆိုင်များနှင့်ဟိုတယ်များ ပိတ်ထားခြင်းကြောင့် လာဆာမြို့ရှိ ဒေသခံတိဗက် လူမျိုးများသည်ရှင်သန်ရေးအတွက်အသီးအရွက်များကိုကိုယ်တိုင်ဝေငှခဲ့ရပုံကိုအခြားဗီဒီယိုတွင်ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly