တရုတ်ဦးဆောင်သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က နိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်ရေး တိုးချဲ့ရန် သဘောတူ

တရုတ်ဦးဆောင်သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က နိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်ရေး တိုးချဲ့ရန် သဘောတူ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) မ ှခေါင်းဆောင်များသည် အဖွဲ့ဝင်နိုင်ငံများအကြားကုန်သွယ်မှုတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးသုံးစွဲမှု တိုးမြှင့်ရန် စက်တင်ဘာ၁၆ရက်တွင်သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

 တရုတ်၊အိန္ဒိယ၊ရုရှားနှင့် ပါကစ္စတန်တို့နှင့်အတူ ဗဟိုအာရှ၄နိုင်ငံပါဝင်သည့် အဆိုပါအဖွဲ့က "စိတ်ဝင်စားသော SCO အဖွဲ့ဝင်နိုင်ငံများ" သည် အပြန်အလှန်ငွေပေးချေမှုများတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးအသုံးပြုမှု အချိုးကို ဖြည်းဖြည်းချင်း တိုးမြင့်လာစေရေး လမ်းပြမြေပုံကို သဘောတူခဲ့ပြီး ယင်းကိုတိုးချဲ့ရန် တောင်းဆိုခဲ့ကြ သည်။
 
နောက်ထပ် အသေးစိတ်အချက်အလက်ကိုမဖော်ပြထားသလို အဖွဲ့ဝင်များထဲမှမည်သည့်နိုင်ငံများက စိတ်ဝင်စားသည့် နိုင်ငံများဖြစ်ကြောင်းကိုလည်း မဖော်ပြခဲ့ပေ။

ဖေဖော်ဝါရီတွင် ယူကရိန်းကို ကျူးကျော်မှုအား တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု အသစ်များချမှတ်ခံရပြီးနောက်ရုရှားသည်အမေရိကန်ဒေါ်လာနှင့်အခြားအနောက်နိုင်ငံငွေကြေးများ၏ကုန်သွယ်မှုအတွက်ယင်း၏ မှီခိုအားထားမှုကို လျှော့ချရန်ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံသုံးငွေကြေးများ အသုံးပြုရန် ရုရှားက အဓိကတွန်းအားပေးသူဖြစ်နိုင်ကြောင်းရှုမြင်ကြသည်။

ပြီးခဲ့သည့်သီတင်းပတ်ကရုရှားဓာတ်ငွေ့ထုတ်လုပ်သူ Gazprom (GAZP.MM) ကတရုတ်ကရုရှားမှဓာတ်ငွေ့ဝယ်ယူမှုအတွက်တစ်ဝက်ကိုရူဘယ်နှင့်ပေးချေပြီးကျန်တစ်ဝက်ကိုယွမ်ဖြင့်ပေးချေ မည်ဟုပြောကြားခဲ့သည်။ 

ယခင်စာချုပ်များကိုကမ္ဘာ့ရေနံကုန်သွယ်မှုအတွက်အဓိကအသုံးပြုသောငွေကြေးဖြစ်သောယူရိုသို့မဟုတ်ဒေါ်လာ ဖြင့်ပေးချေခဲ့သည်။

နိုင်ငံတကာစီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာပိတ်ဆို့အရေးယူမှုများကျယ်ကျယ်ပြန့်ပြန့်ခံထားရသည့်ရုရှားကဲ့သို့ ရေနံထုတ်လုပ်သူ အီရန်သည်လည်း SCO တွင်ပါဝင်ရန် နီးကပ်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly