ဟောင်ကောင်၌ ငှားရမ်းခပြဿနာကြောင့် စားသောက်ဆိုင်အများအပြား ပိတ်သိမ်း

ဟောင်ကောင်၌ ငှားရမ်းခပြဿနာကြောင့် စားသောက်ဆိုင်အများအပြား ပိတ်သိမ်း

ဟောင်ကောင်၌ ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခမပေးသည့် လုပ်ငန်း ၈ ၀၀၀ ခန့်ကို ဆက်လက် လုပ်ခွင့်မပေးတော့ဘဲ စားသောက်ဆိုင်အများအပြား ပိတ်သိမ်းလျက်ရှိပြီး မုန့်တိုက်ဆိုင်ခွဲများ လုပ်ငန်းရာမှ   ပိတ်သိမ်းမှုများ ဖြစ်နိုင်ခြေရှိကြောင်း အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။

ဟောင်ကောင်စားသောက်ဆိုင်များနှင့် ဆက်စပ်ကုန်သွယ်မှုများအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်မွန်ဝေါင်ကာဝိုက စားသောက် ကုန်လုပ်ငန်းများသည် အစိုးရ၏ငှားရမ်းမှု ကာကွယ်ရေးမူဝါဒ အဆုံးသတ်သွားမှုနှင့်အတူ ယိုင်နဲ့ လာပြီး ကပ်ရောဂါ ဒဏ်ခံရသည့် စီးပွားရေးသည် အခြေအနေဆိုးမှ မလွတ်မြောက်နိုင်သေးကြောင်း ပြောသည်။

လုပ်ငန်းပေါင်း ၈ ၀၀၀ သို့မဟုတ် ဟောင်ကောင်ရှိ စားသောက်ဆိုင်များ၏ ၆၀ ရာခိုင်နှုန်းသည် ဆိုင်ခန်းပိုင်ရှင်များ၏ ဖိအားကို ခံနေရသည်မှာ ၃ လရှိပြီဖြစ်သည်ဟု ဝေါင်ကပြောသည်။ မောင်းထုတ်ခံရသည့် ဆိုင်များအနက် လုပ်ငန်းပေါင်း ၂၀၀၀ မှ ၃၀၀၀ ခန့်သည် ကုစားရေးအစီအစဉ်အဆုံးသတ်ပြီးနောက် ၂ လ၌ အကြွေးပြန်ဆပ်ရေးကိစ္စများကို ညှိနှိုင်းနေဆဲဖြစ်သည်။

ဒီဆွေးနွေးမှုတွေဟာ လကုန်အထိ မဖြေရှင်းနိုင်သေးဘူးဆိုရင် စားသောက်ဆိုင်တွေဟာ သူတို့လုပ်ငန်းတွေကို အပြီးတိုင် ပိတ်သိမ်းသွားနိုင်တယ်” ဟု ဝေါင်က သတိပေးသည်။

ဟောင်ကောင်တွင် တရားဝင် လိုင်စင်ရှိ စားသောက်ဆိုင် စုစုပေါင်း အရေအတွက်သည် ယမန်နှစ် မေလ ၁ ရက်နေ့အထိစာရင်းအရ ၁၆၄၉၂ ဆိုင် ရှိသည်။

စက်တင်ဘာ ၁၄ ရက်က Crostini မုန့်တိုက်ဆိုင်ပိုင်ရှင်သည် ငှားရမ်းခအရစ်ကျပေးသည့်စနစ် သက်တမ်း ကုန်သွားခြင်းကို အပြစ်တင်လျက် ၎င်း၏ဆိုင်ခွဲ ၁၅ ခုကို ပိတ်သိမ်းလိုက်ကြောင်း ဖေ့စ်ဘွတ်စာမျက်နှာတွင် ကြေညာခဲ့ကာ ဆိုင်ခန်းငှားရမ်းမှုဖိအားအောက် ကျရောက်ခဲ့သော ပထမဆုံး ဆိုင်ဖြစ်သည်။ 

Crostiniဝန်ထမ်းများသည်လည်း မရရှိသေးသည့် လုပ်ခလစာများအတွက် စိုးရိမ်နေကြပြီး အချိန်ပြည့် အလုပ်သမားများအတွက် မပေးရသေးသောလုပ်ခလစာမှာ ဟောင်ကောင်ဒေါ်လာ ၃ သန်းမှ ၅ သန်းအထိ ရှိကြောင်း စားသောက်ကုန်ဝန်ထမ်းများ အထွေထွေသမဂ္ဂ၏ အလုပ်သမားရေးရာကော်မတီမှ ချူကွမ်ချန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly