စိုက်ပျိုးရေးနည်းပညာကို များစွာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နေသည့် အိန္ဒိယသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ

By IANS
19 September 2022
စိုက်ပျိုးရေးနည်းပညာကို များစွာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နေသည့် အိန္ဒိယသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ

နည်းပညာအသုံးချမှုကို နေရာတိုင်းတွင် တွေ့မြင်လာရသည်။ နည်းပညာကို အသုံးမချသော မည်သည့်ကဏ္ဍကိုမှ တွေ့မြင်နိုင်မည်မဟုတ်ဘဲ စိုက်ပျိုးရေးလုပ်ငန်းလည်း ပါဝင်သည်။  အိန္ဒိယ၏ စိုက်ပျိုးရေးနည်းပညာ ကဏ္ဍများတွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကြောင့် လုပ်ငန်းထိရောက်မှုအပြင် စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းသည်လည်း ပိုမိုတိုးတက်လာသည်။

ပြည်ထောင်စု စိုက်ပျိုးရေးနှင့် လယ်သမားများ သာယာဝပြောရေးဝန်ကြီး နာရင်ဒရာဆင်း တိုမာက အစိုးရအနေဖြင့် နိုင်ငံ၏ အသေးစား လယ်သမားများ တိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင် နေကြောင်း ပြောကြားသည်။ 

လယ်ယာကဏ္ဍ ထုတ်လုပ်သူများ အသင်းပေါင်း ၁၀၀၀၀ ၏ လုပ်ငန်းကို အစိုးရက စတင်ခဲ့ရာတွင် ရူပီး ကုဋေ၆၈၆၅ ကို သုံးစွဲထားပြီ ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု များစွာ မလုပ်ဆောင်နိုင်သည့် နိုင်ငံတွင်းမှ အသေးစား လယ်သမား ၈၆ ရာခိုင်နှုန်းအတွက် ထည့်သွင်းစဉ်းစား လုပ်ကိုင်နေကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။ 

အိန္ဒိယသည် စိုက်ပျိုးနည်းပညာ ငွေကြေးပံ့ပိုးမှုအတွက် ၂၀၁၇ မှ ၂၀၂၀ ခုနှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့ကြောင်း India Brand Equity ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။ စိုက်ပျိုးနည်းပညာ ငွေကြေးပံ့ပိုးမှုနှင့် အဆိုပါကဏ္ဍမှ လုပ်ငန်းသစ်ထွက်ပေါ်သည့် အရေအတွက်တွင် အိန္ဒိယက တတိယအဆင့်ရှိကာ ရင်းနှီးမြှုပ်နှံသူများက သိသိသာသာ စိတ်ဝင်စားခဲ့ကြသည်။ ၂၀၂၅ ခုနှစ်မတိုင်မီတွင် အိန္ဒိယ စိုက်ပျိုး နည်းပညာကုမ္ပဏီများ၏  ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၃၀ မှ ၃၅ ဘီလီယံအထိ ရှိလာနိုင်သည်။ 

အိန္ဒိယ၏ စိုက်ပျိုးနည်းပညာဆိုင်ရာ ဂေဟစနစ်သည် လာမည့် ၁၀ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀ ဘီလီယံကျော်ကို စွဲဆောင်နိုင်မည့် အလားအလာရှိနေကြောင်း  FICCI-PwC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကပ်ရောဂါဖြစ်ပွားသည့် နှစ်ဖြစ်သော်လည်း ၂၀၂၀ ခုနှစ်က စိုက်ပျိုးနည်းပညာကဏ္ဍ၌ ဒေါ်လာ သန်း ၅၀၀ ကျော် ထည့်ဝင် လုပ်ဆောင်ခဲ့ကြသ်ည။ ၂၀၁၉ ခုနှစ်က ဒေါ်လာ ၂၄၈ သန်းရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required