ကမ္ဘာ့စက်ရုံအဖြစ် တရုတ်နေရာကို အိန္ဒိယက အစားထိုးလာနိုင်

ကမ္ဘာ့စက်ရုံအဖြစ် တရုတ်နေရာကို အိန္ဒိယက အစားထိုးလာနိုင်

တရုတ်အပါအဝင်တောင်အာရှနိုင်ငံအများအပြားကိုနောက်ကောက်ချခဲ့ပြီးကုန်ထုတ်လုပ်မှုတွင်သင့်လျော်သောအနေအထားဖြင့် အစားထိုးရန်အိန္ဒိယသည် အခွင့်အလမ်းကောင်းရှိကြောင်းကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးပရီယာဒါရှီကပြောကြားလိုက်သည်။
 
'Aatmanirbhar Bharat Abhiyan' အစီအစဉ်သည်ထုတ်လုပ်သူများအားမက်လုံးပေးခြင်း၊ စွမ်းဆောင်ရည် အားနည်းမှုများကို ဖြေရှင်းခြင်းနှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်များကို ဆွဲဆောင်ခြင်းဖြင့်မညီမျှမှုကိုပြုပြင်ရန် ကြိုးပမ်းနေသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကုန်ပစ္စည်းရရှိရေးအပေါ် စိုးရိမ်မှုများကြောင့်လက်ရှိနိုင်ငံအများစုသည် နိုင်ငံတစ်နိုင်ငံတည်းအပေါ် မှီခိုအားထားတော့မည်မဟုတ်ကြောင်း ပရီယာဒါရှီကယုံကြည်သည်။

ယင်းကဲ့သို့ စိုးရိမ်မှုများကြောင့်အဓိကသွင်းအားစုများအတွက်နိုင်ငံအများစုသည် နိုင်ငံတစ်ခုတည်းအပေါ် မှီခိုနေလိုတော့မည်မဟုတ်ကြောင်း WTO ညွှန်ကြားရေးမှူးက ANI သို့ပြောကြားခဲ့သည်။

“ကုန်ပစ္စည်းရရှိနိုင်မည့်အပေါ် စိုးရိမ်မှုများကြောင့် အဓိကသွင်းအားစုတွေအတွက် ဒီနေ့ခေတ် နိုင်ငံအများစုက နိုင်ငံတစ်ခုတည်းအပေါ်မမှီခိုချင်တော့ပါဘူး။ဟုတ်ပါတယ်၊အခုကွဲပြားချင်နေတဲ့ဒီနိုင်ငံတွေအတွက် တရုတ်က ထိပ်တန်းထောက်ပံ့ပေးသူဖြစ်နေခဲ့ပါတယ်”ဟုပရီယာဒါရှီက ANI သို့ပြောကြားခဲ့သည်။ 

“ပြီးတော့အိန္ဒိယဟာအဲဒီနယ်ပယ်မှာဝင်နေရာယူဖို့အလွန်ကောင်းတဲ့အခွင့်အလမ်းရှိနေတယ်လို့ကျွန်တော်ထင်ပါတယ်။

အိန္ဒိယကယှဉ်ပြိုင်နိုင်စွမ်းနဲ့မြင့်မားသောနည်းပညာများကိုအာမခံနိုင်မယ်ဆိုရင်အိန္ဒိယကစီးပွားရေး လုပ်ငန်း တွေအနေနဲ့ အေးအေးဆေးဆေးနဲ့ ကုန်ကျစရိတ်သက်သာစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါ တယ်”ဟုပရီယာဒါရှီက ANI သို့ပြောကြားခဲ့သည်။

အိန္ဒိယ၏ ပြည်တွင်းဖူလုံရေးကြိုးပမ်းမှုများ မည်သို့မည်ပုံနှင့် မည်သည့်အချိန်တွင် အောင်မြင်မည် ဆိုသည်ကို Aatmanirbhar Bharat အစီအစဉ်နှင့် ပတ်သက်သည့်အပိုင်းတွင် ၎င်းက  ပြောကြားခဲ့သည်။

"ကမ္ဘာ့ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကွင်းဆက်များတွင် မိမိတို့၏ ပေါင်းစည်းမှုကို နှေးကွေးစေမည် သို့မဟုတ် အရှိန်မြှင့်မည်လား" ဟု WTO ညွှန်ကြားရေးမှူးကပြောကြားခဲ့ပြီး “အိန္ဒိယတွင်ထုတ်လုပ်သည်”သို့မဟုတ် “ကမ္ဘာအတွက်ထုတ်လုပ်သည်”ဆိုသည်ကို ရှင်းလင်းစွာသိမြင်ထားရန်လိုအပ်ကြောင်းဆိုသည်။

အိန္ဒိယသည်ထောက်ပံ့ရေးကွင်းဆက်များ၊အခွန်နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်သန့်ရှင်းသော စွမ်းအင်တို့နှင့် ပတ်သက်သည့် မဏ္ဍိုင်သုံးရပ်နှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required