ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သားများ၏ ရုပ်ကြွင်းများကို တောင်ကိုရီးယားက ပြန်လည်ပေးအပ်

By Aljazeera
17 September 2022
ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သားများ၏ ရုပ်ကြွင်းများကို တောင်ကိုရီးယားက ပြန်လည်ပေးအပ်

ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သား ၈၈ ဦး၏ ရုပ်ကြွင်းများကို တောင်ကိုရီးယားက ပြန်လည် လွှဲပြောင်းပေးခဲ့ရာ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော့ တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ် လုပ်ဆောင်ခြင်းဖြစ်သည်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း တရုတ်စစ်တပ်မှ အသေအပျောက် အရေအတွက်မှာ ၁၈၀,၀၀၀ မှ ၄၀၀,၀၀၀ အကြား ရှိသည်။ 

စက်တင်ဘာ ၁၆ ရက်က ဆိုးလ်မြို့အနီး အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထုံးတမ်းစဉ်လာ အခမ်းအနားဖြင့်ကျင်းပစဉ်အတွင်း တရုတ်စစ်သားများ၏ ရုပ်ကြွင်းများပါရှိသော သစ်သားခေါင်းတလား ငယ်များကို တရုတ်စစ်တပ် ဂုဏ်ပြုတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှင်းဟိုင်မင်းသည် ခေါင်းတလားငယ်များအား တရုတ်လေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ မတင်မီ တရုတ်နိုင်ငံတော်အလံဖြင့် ဖုံးအုပ်ခဲ့ပြီး အခမ်းအနားကို ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်ထုတ်ခဲ့သည်။

"တရုတ်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ကြွင်းတွေကို နှစ်စဉ် လွှဲပြောင်းပေးအပ်တာဟာ လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ ပြုလုပ်တာဖြစ်ပေမယ့် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ကိုယ်စားပြုပါတယ်" ဟု တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီဒိုဟွန်းက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
 
၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း တရုတ်နိုင်ငံသည် မြောက်ကိုရီးယားဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ခန့်မှန်းခြေအားဖြင့် ကွန်မြူနစ်တရုတ်တပ်ဖွဲ့ဝင် ၃ သန်းသည် ပြုံယမ်း၏တပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ပြီး မြောက်ကိုရီးယားအတွက် ပဋိပက္ခချိန်ခွင်လျှာကို ကူညီဆုံးဖြတ်ပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required