တရုတ်ကွန်မြူနစ်ပါတီက ရှီကျင့်ဖျင်အာဏာမြဲရေးအတွက် ပါတီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖွယ်ရှိ

တရုတ်ကွန်မြူနစ်ပါတီက ရှီကျင့်ဖျင်အာဏာမြဲရေးအတွက် ပါတီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖွယ်ရှိ

တရုတ် ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက်အစည်းအဝေးတွင် သမ္မတရှီကျင့်ဖျင်၏ အာဏာ ထပ်မံမြဲမြံစေရန် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ပြီး ရှီသည် တတိယသက်သမ္မတသက်တမ်းကို ဆက်လှမ်းနိုင်မည်ဟု မျှော်လင့်ရသည်။

ပြင်ဆင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံအတွင်း စည်းမျဉ်းများနှင့် ပြုပြင်ပြောင်းလဲမှုများတွင် လူ့အဖွဲ့အစည်း၊ မူဝါဒနှင့် စီးပွားရေးကို သမ္မတရှီ၏ အမိန့်များနှင့်အညီ လိုက်လျောညီထွေဖြစ်စေလိမ့်မည်ဟုThe Singapore Post က ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုသည် ကွန်ဂရက်လွှတ်တော်အတွက် လုပ်ငန်းစဉ်များ သတ်မှတ်ရန်လာမည့် ၁၉ ကြိမ်မြောက် CCP ဗဟိုကော်မတီ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် တင်သွင်းမည့် စာတမ်းများကို မကြာသေးမီက အပြီးသတ်ဆွေးနွေးခဲ့သည်။

ပါတီနှင့်နိုင်ငံအပေါ် သမ္မတရှီကျင့်ဖျင် ချုပ်ကိုင်မှု ပိုမိုခိုင်မာစေရန် ပြင်ဆင်မှုများလုပ်ဆောင်လိမ့်မည်ဟု The Singapore Post က ဖော်ပြသည်။

“ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင် အတွေးအမြင်ကို အပြည့်အဝ နားလည်ပြီး အကောင်အထည်ဖော်ရန်၊ ပါတီ၏ကိုယ်ပိုင်ပြုပြင်ပြောင်းလဲမှုအတွက် CPC ဗဟိုကော်မတီ၏ မဟာဗျူဟာအစီအမံများကို ဆောင်ရွက်ရန်၊CPC ဗဟိုကော်မတီ၏ အခွင့်အာဏာနှင့် ၎င်း၏ ဗဟိုချုပ်ကိုင်မှု၊ စည်းလုံးညီညွတ်သော ခေါင်းဆောင်မှုခိုင်မြဲရန်၊ ပါတီအပေါ် အပြည့်အဝ တင်းကျပ်သော အုပ်ချုပ်ရေးကို ကျင့်သုံးရန် ၊  ခေတ်သစ်တွင် ပါတီတည်ဆောက်ရေး မဟာစီမံကိန်းကြီးကို တွန်းအားပေးရန်နှင့် ပါတီကျင့်ဝတ်ကောင်းမွန်ရေး၊ ဂုဏ်သိက္ခာကို မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရေးတွင် ပိုမိုတိုးတက်အောင်မြင်စေရန်” လုပ်ဆောင်ရမည်ဟု ပေါ်လစ်ဗျူရိုမူကြမ်းတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တတိယအကြိမ်မြောက် ရာထူးတာဝန်ကို ထမ်းဆောင်နိုင်ကာ တရုတ်နိုင်ငံ၏ ကြီးမြတ်သော ခေတ်သစ်ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။
 
ရှီ၏ အာဏာကို ထပ်မံအတည်ပြုခြင်းထက် ပိုမိုအရေးကြီးသည်မှာ ကွန်ဂရက်လွှတ်တော်တွင် ပြဋ္ဌာန်းမည့် ကျယ်ပြန့်သောမူဝါဒလမ်းညွှန်ချက်ဖြစ်သည်။ 

ယင်းက ပြည်တွင်းရေကြောင်းနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ဩဇာအာဏာအလားအလာ၊ အိန္ဒိယနှင့် သြစတြေးလျကဲ့သို့သော အရေးပါသော အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်နှင့် တင်းမာနေသည့် ဆက်ဆံရေးကို အဆုံးအဖြတ်ပေးလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly