ရှီက မျက်ကန်းသစ္စာစောင့်သိမှုနိယာမကို ပြန်လည်ပျိုးထောင်ရန် အစိုးရဝန်ထမ်းများ၏ ကတိကဝတ်ကို ပြန်လည်ဆန်းသစ်

ရှီက မျက်ကန်းသစ္စာစောင့်သိမှုနိယာမကို ပြန်လည်ပျိုးထောင်ရန် အစိုးရဝန်ထမ်းများ၏ ကတိကဝတ်ကို ပြန်လည်ဆန်းသစ်

"ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ" "ဘုံသာယာဝပြောရေး" နှင့် ပတ်သက်၍ ကျယ်ပြန့်စွာမကျေမနပ်ဖြစ်နေချိန်တွင် သမ္မတရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီအပေါ် မျက်ကန်းသစ္စာ စောင့်သိမှုနိယာမကို ပြန်လည် ပြုစုပျိုးထောင်ရန် လေ့ကျင့်သင်တန်းများ ကျင်းပခြင်းဖြင့် အစိုးရဝန်ထမ်းများ၏ ကတိကဝတ်ကိုပြန်လည် ဆန်းသစ်စေလိုက်သည်။

ရှီကနိုင်ငံ့ဝန်ထမ်းများအား ၎င်း၏အတွေးအမြင်များကို လိုက်နာစေရန် လုပ်ဆောင်နေသည်ဟု ပီရာရှားမန်းက Global Strat View တွင်ရေးသားခဲ့သည်။

ယင်းအယူအဆသည် ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ ရှီကျင့်ဖျင်အတွေးအမြင်နှင့်နီးစပ်သည့်အခြေခံမူများကို အရပ်ဘက်ဝန်ထမ်းများကောင်းစွာ နားလည် သဘောပေါက် သိမြင်စေရန်ဖြစ်သည်။

ပါတီ၏ထုတ်ပြန်ချက်တွင် "အရပ်ဘက်ဝန်ထမ်းများအားလုံးသည်ခေတ်သစ်အတွက်ပုံစံအမျိုးမျိုး၊ စနစ်အသွယ်သွယ်ဖြင့် တရုတ်ဝိသေသ လက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်တွေးခေါ် အယူဝါဒဆိုင်ရာ အသိပညာနှင့် လေ့ကျင့်မှုတို့ကိုလက်ခံရရှိသည်" ဟုဖော်ပြထားသည်။

တရုတ်တွင် နှစ်စဉ်နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်သော အရည်အချင်းရှိသူ ၂ သိန်းခန့်ကို နိုင်ငံ့ဝန်ထမ်း အဖြစ် ခေါ်ယူနေသည်။

၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းတွင် ပြည်သူ့ဝန်ထမ်း ၃၀ဒသမ၁ရာခိုင်နှုန်းသည်အသက်၃၅နှစ်နှင့်အောက်ဖြစ်ပြီး ၇၈ဒသမ၈ ရာခိုင်နှုန်းသည် ဘွဲ့ရသို့မဟုတ်ဘွဲ့လွန်ဖြစ်ပြီး၂၀၁၇ခုနှစ်ကထက်၂ဒသမ၂ရာခိုင်နှုန်းနှင့် ၆ဒသမ၉ရာခိုင်နှုန်း အသီးသီးတိုးလာသည်ဟုရှားမန်းကပြောကြားခဲ့သည်။

နှစ်စဉ်နှစ်တိုင်းနိုင်ငံ့ဝန်ထမ်းအသစ်စုဆောင်းသည့်စနစ်သို့ဝင်ရောက်လာသည်နှင့်အမျှပါတီနှင့် ခေါင်းဆောင်မှုကို သစ္စာစောင့်သိရန် တစ်သက်တာလေ့ကျင့်ခန်းကို စတင်မည်ဟုမျှော်လင့်ရသည်။

ဝန်ထမ်းများအားမျက်ကန်းသစ္စာစောင့်သိမှုမူကိုပြန်လည်မွေးမြူရန်လှုပ်ရှားမှုသည်တရုတ်ကွန်မြူနစ်ပါတီ၏၂၀ကြိမ်မြောက်ကွန်ဂရက်ကိုကျင်းပတော့မည်ဖြစ်ပြီး ယင်းတွင်ရှီ၏အန္တိမအာဏာကို ထပ်မံအတည်ပြုပေးမည့် အချိန်တွင် ယင်းလှုပ်ရှားမ ှုပေါ်ထွက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required