ထိုင်ဝမ်တွင် ကိုယ်စားလှယ်ရုံးဖွင့်ပွဲမတိုင်မီ လစ်သူယေးနီးယားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

ထိုင်ဝမ်တွင် ကိုယ်စားလှယ်ရုံးဖွင့်ပွဲမတိုင်မီ လစ်သူယေးနီးယားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

လစ်သူယေးနီးယား ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးအကြီးအကဲ ပေါလုလူကော့စကီးသည် တိုင်ပေမြို့တွင် ကျင်းပသည့် ထိုင်ဝမ်-လစ်သူယေးနီးယားစီးပွားရေးနေ့အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

တိုင်ပေမြို့တွင် လစ်သူယေးနီးယားကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းမပြုမီ လစ်သူယေးနီးယားကုန်သွယ်ရေး  ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့အလည်အပတ်ရောက်ရှိနေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်ကိုယ်စားလှယ်ရုံးများဖလှယ်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင်၏ ဆုံးဖြတ်ချက်ကြောင့် ထိုင်ဝမ်ကို ယင်း၏ ပိုင်နက်အဖြစ်ရှုမြင်ပြီး လိုအပ်ပါက အင်အားသုံး၍ တစ်နေ့တွင်  ထိုင်ဝမ်ကို ပြန်လည်သိမ်းပိုက်မည်ဟု စီစဉ် နေသည့် တရုတ်နှင့် ဆက်ဆံရေးတင်းမာခဲ့သည်။

ခရီးစဉ်သည် “ဒီမိုကရေစီ၏ရှေ့တန်းတွင်သစ္စာရှိသော မိတ်ဖက်များဖြစ်ပြီးထိုင်ဝမ်နှင့် လစ်သူယေးနီးယား အကြားတွင် အပြန်အလှန်ပံ့ပိုးကူညီမှုနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ဖော်ပြခဲ့ကြောင်း”ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရအရာရှိများနှင့် နည်းပညာကဏ္ဍမှကိုယ်စားလှယ်များပါဝင်သော လစ်သူယေးနီးယားမှအဖွဲ့ဝင်၂၈ဦးပါ အဖွဲ့သည်သီတင်းပတ်ကုန်က တိုင်ပေသို့ ဆိုက်ရောက်ခဲ့ကြောင်းဝန်ကြီးဌာနက ပြောကြားသော်လည်း လစ်သူယေးနီးယားက တိုင်ပေတွင် လစ်သူယေးနီးယားကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ နောက်ထပ် သတင်းများ မရရှိခဲ့ပေ။ 

လစ်သူယေးနီးယားစီးပွားရေးနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာဒုဝန်ကြီးဂျိုဗီတာကစက်တင်ဘာ၁၂ရက်တွင် ရုံးကို စတင်ဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း Baltic News Service ကို သြဂုတ်လက ပြောကြားခဲ့သည်။

 သို့သော် ထိုင်ဝမ်ဆိုင်ရာ လစ်သူယေးနီးယား၏ ပထမဆုံး ကိုယ်စားလှယ်ပေါလုက စက်တင်ဘာ၁၂ရက်တွင် လာရောက်လည်ပတ်သော ကိုယ်စားလှယ်အဖွဲ့အတွက် ကုန်သွယ်မှုပွဲတစ်ခု၌ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်မပေးခဲ့ပေ။

 နိုင်ငံအများစုသည် ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်ကို တရားဝင်အသိအမှတ်ပြုထားသော်လည်း ထိုင်ဝမ်နှင့် ကုန်သွယ်ရေးနှင့် တရားဝင်မဟုတ်သောဆက်ဆံရေးကို ထိန်းထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required