အလူမီနီယံထုတ်လုပ်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလျှော့ချရန် တရုတ်တောင်းဆို

အလူမီနီယံထုတ်လုပ်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလျှော့ချရန် တရုတ်တောင်းဆို

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်တွင် လျှပ်ကူး အလူမီနီယမ်သတ္ထုထုတ်လုပ်သူများကို ယခုသီတင်းပတ်အတွင်း လျှပ်စစ်အသုံးပြုမှုလျှော့ချရန်အမိန့်ထုတ်ပြန်ခဲ့ကြောင်းကုမ္ပဏီများက စက်တင်ဘာ ၁၃ရက်တွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

ပြည်တွင်းဈေးနှုန်းများက ယခုအချိန်အထိ အကန့်အသတ်ဖြင့်သာ သက်ရောက်မှုနေသော်လည်း ယူနန်အစိုးရ၏ ဆုံးဖြတ်ချက်သည် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းက ကမ္ဘာတစ်ဝန်းရှိ အလူမီနီယံထုတ်လုပ်မှုအပေါ် ပြင်းထန်သော သက်ရောက်မှုရှိနေကြောင်း ဖော်ပြချက်တစ်ခုလည်းဖြစ်သည်။

ထုတ်လုပ်သူများအနေဖြင့် စက်တင်ဘာ၁၃ရက်မှ စက်တင်ဘာ၁၄ရက်အထိ ပုံမှန်သုံးစွဲမှုမှ ၁၀ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလျော့ချရန် လိုအပ်ကြောင်းထုတ်လုပ်သည့်ကုမ္ပဏီ၂ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူများက  ပြောကြားသည်။

Yunnan Power Grid ၏ လုပ်ငန်းအစိတ်အပို်ငးတစ်ခုဖြစ်သော Dali Power Supply Bureau မှ ထုတ်ပြန်သည့်အမိန့်အရ ကုမ္ပဏီများသည် စက်တင်ဘာ၁၀ရက်မှစက်တင်ဘာ၁၂ရက်အထိ ပုံမှန်အသုံးပြုမှုမှ ၅ရာခိုင်နှုန်းအထိ ဓာတ်အားသုံးစွဲမှုကို လျှော့ချစေခဲ့ပြီးဖြစ်သည်။

ယခုနှစ်အတွင်းဒေသအတွင်းမိုးရွာသွန်းမှုနည်းပါးပြီးနောက်အနောက်တောင်ပိုင်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ကန့်သတ်ချက်ထွက်ပေါ်လာပြီး ပုံမှန်အားဖြင့် ယင်း၏ လျှပ်စစ်ဓာတ်အား ၇၅ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ရရှိခဲ့သည်။

"ဒါကကျွန်တော်တို့ စွမ်းဆောင်ရည်ရဲ့ ၁၀ရာခိုင်နှုန်းလောက်ကို သက်ရောက်မှုရှိပါတယ်" ဟု လျှပ်ကူး အလူမီနီယံ တန်ချိန် ၉ သိန်း နှစ်စဉ် ထုတ်လုပ်သည့် အဓိကအရည်ကျိုစက်ရုံမှ  သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

 နှစ်စဉ်ထုတ်လုပ်မှုပမာဏမှာ လျှပ်ကူးအလူမီနီယံတန်ချိန်၅ဒသမ၂၅သန်းရှိသည့် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံမှ ထုတ်လုပ်မှု၏ ၁၀ရာခိုင်နှုန်းခန့်ရှိသည်။

ယူနန်တွင် လျှပ်စစ်ကို အလှည့်ကျပေးခြင်းကြောင့် စက်တင်ဘာလတွင် အလူမီနီယံအထွက်နှုန်းသည် လအလိုက် နှိုင်းယှဉ်ပါက ၃ဒသမ၄ရာခိုင်နှုန်းဖြစ်သည့် တန်ချိန်၃ဒသမ၃၇သန်းသို့ ကျဆင်းမည်ဟု ရှန်ဟိုင်းသတ္ထုဈေးကွက်မှ ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required