မီးရထားဝန်ထမ်း လုပ်သက် ၁၅ နှစ်ကျော်ရှိတဲ့ စက်ခေါင်းမောင်း လက်ထောက် CDM ကိုနှင်းမောင် 

မီးရထားဝန်ထမ်း လုပ်သက် ၁၅ နှစ်ကျော်ရှိတဲ့ စက်ခေါင်းမောင်း လက်ထောက် CDM ကိုနှင်းမောင် 

“ဝန်ကြီးဌာန အများကြီးမှာ ဌာနခွဲတွေအများကြီးရှိတယ်။ အဲ့ဒီက ဝန်ထမ်းပေါင်းစုံက CDM လုပ်ကြတာဖြစ်တဲ့အတွက် CDM လုပ်တဲ့ ဝန်ထမ်းများရင် များသလောက် သူတို့ ယန္တရားလည်ပတ်မှုကို အနှောက်အယှက် ပေးစေမှာဖြစ်တယ်။ CDM လုပ်တာက သူတို့အတွက်၊ သူတို့ ယန္တရား လည်ပတ်ဖို့ အတွက် လုံးဝအခက်အခဲ ဖြစ်စေတဲ့ ကိစ္စတစ်ခုပါပဲ “  လို့ ကိုနှင်းမောင်က ပြောပါတယ်။ 

စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ နိုင်ငံဝန်ထမ်း မီးရထား  စက်ခေါင်းမောင်း လက်ထောက် လုက်သက် ၁၅ နှစ်ကျော်ရှိတဲ့ ကိုနှင်းမောင်(အမည်လွဲ)တစ်ယောက် လက်ရှိအချိန်မှာတော့ လွတ်မြောက်နယ် တစ်နေရာမှာ မိသားစုအတွက် ကြုံရာကျပန်း အလုပ်လုပ်ကိုင်ရင်း ဘဝကို ဖြတ်သန်းနေရတာပါ။ 

ကိုနှင်းမောင်ကို အင်တာဗျူးဖြေဖို့ မဇ္ဈိမသတင်းဌာန သတင်းထောက် ကိုထွန်းထွန်းဝင်း က တောင်းဆိုခဲ့ရာမှာတော့ ပြုံးပြုံးကြီး ခေါင်းညိမ့်ပြခဲ့ပေမယ့် သူ့မိသားစုနဲ့ ခင်မင်ရတဲ့ အပေါင်းအသင်းတွေရဲ့ လုံခြုံရေးအတွက် မျက်နှာပြဖို့ ငြင်းဆန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလကတည်းက  ရန်ကုန်မြို့ကို စွန့်ခွာခဲ့တဲ့ ကိုနှင်းမောင်ဟာ လွတ်မြောက်ရာ နေရာတစ်ခုမှာ စစ်သင်တန်း တတ်ရောက်ခဲ့ပြီး လိုအပ်ပါက တိုက်ပွဲ ဝင်နိုင်ဖို့ အသင့်ပြင်ထားပြီးပါပြီ။  လက်ရှိမှာတော့ သူမိသားစုနဲ့အတူ  နေထိုင် ဖြတ်သန်းရင်း  စစ်ကောင်စီတပ်ကျဆုံးမယ့် နေ့ရက်တွေကို စောင့်မျှော်နေပါတယ်။ 

စာတည်း။    ။မောင်ကောင်း 

#အင်တာဗျူး 
#မီးရထားဝန်ထမ်းCDM
#လုပ်သက်၁၅နှစ်
#စက်ခေါင်းမောင်းလက်ထောက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required