တရုတ်တွင် မိုးခေါင်ရေရှားမှုကြောင့် စွမ်းအင်အပေါ်အခွန်ကောက်ခံမှု တိုးမြင့်လာမည်ကို စိုးရိမ်နေရ

တရုတ်တွင် မိုးခေါင်ရေရှားမှုကြောင့် စွမ်းအင်အပေါ်အခွန်ကောက်ခံမှု တိုးမြင့်လာမည်ကို စိုးရိမ်နေရ

တရုတ်တွင် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများ ပို့ဆောင်မှုနှင့် ရေကြောင်း သို့မဟုတ် လေကြောင်းဖြင့် ကုန်ပစ္စည်းများ ရွှေ့ပြောင်းခြင်းအတွက် သယ်ယူစရိတ် မြင့်မားခြင်းကြောင့် စွမ်းအင်အခွန်အခ ကုန်ကျစရိတ် သစ်များ ကြုံတွေ့ရနိုင်သလို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မိုးခေါင်ရေရှားမှုက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်း များကို ဂယက်ရိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

စံချိန်တင်မိုးခေါင်ရေရှားမှုကြောင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ စီးပွားရေးလှုပ်ရှားမှုကို ထိခိုက်စေခဲ့သလို  လွန်ခဲ့ သည့် ၃ နှစ်အတွင်း မော်တော်ကားများ၊ အီလက်ထရွန်းနစ်နှင့် အခြားကုန်ပစ္စည်းများအတွက် နိုင်ငံတကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အေးစက်နေမှုကလည်း အနှောင့်အယှက်ဖြစ်စေသည်ဟု Sunday Morning Herald (SMH) က ဖော်ပြသည်။

ရေကြောင်းနှင့်လေကြောင်းကုန်စည်တင်ယာဉ်များကလည်း ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသော ဓာတ်ငွေ့ထုတ်လုပ်သည့် အဓိကအကြောင်းရင်းများဖြစ်ကာ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု၏ ၅ ရာခိုင်နှုန်းခန့် ထုတ်လွှတ်သည်။ 

တရုတ်နိုင်ငံသည် ကမ္ဘာ့ထုတ်ကုန်လုပ်ငန်းအများစု တည်ရှိရာနိုင်ငံဖြစ်သောကြောင့် သဘာဝဘေး အန္တရာယ်များနှင့် ကိုရိုနာဗိုင်းရပ်စ် အသွားအလာပိတ်ဆို့မှုဒဏ်ကို ဆိုးရွားစွာခံစားနေရသည်။

တရုတ်အနောက်တောင်ပိုင်း မိုးခေါင်ရေရှားမှုသည် ကမ္ဘာ့စီးပွားရေးကိုထိခိုက်စေသည်။ ဒေသတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှုကို ရုတ်ချည်းလျော့ကျစေကာ စက်ရုံများကို ဓာတ်အားဖြတ်တောက်ထားသဖြင့် အီလက်ထရွန်းနစ်၊ ကားအစိတ်အပိုင်းနှင့် တခြားကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးမှုအတွက် ရုန်းကန်နေရသည်။

Volkswagen နှင့် Toyota တို့သည် ၎င်းအနီးအနားရှိစက်ရုံများတွင် ထုတ်လုပ်မှုလျှော့ချလိုက်ပြီး အီလက်ထရွန်းနစ်ပစ္စည်းများထုတ်လုပ်သည့် Foxconn နှင့် လျှပ်စစ်ကားများအတွက် ဘက်ထရီများ ထုတ်လုပ် သည့် CATL သည်လည်း ထုတ်လုပ်မှု လျှော့ချခဲ့ကြောင်းSMH က ဖော်ပြသည်။

တရုတ်နိုင်ငံအလယ်ပိုင်းမှ ဖြတ်သန်းစီးဆင်းသော ယန်ဇီမြစ်ရေသည် လွန်စွာနည်းပါးနေပြီး  မိုးရွာသော နွေရာသီမှ ဆောင်းဦးပေါက်ထိ အထက်မြစ်ဝှမ်း၌ ဖြတ်သန်းသွားလာသော သမုဒ္ဒရာသွား ရေယာဉ်များသည် မသွားလာနိုင်တော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required