တရုတ်က  ဇူလိုင်လအထိ ၁၅ လအတွင်း တယ်လီကွန်းနှင့် အင်တာနက်လိမ်လည်မှုပေါင်း ၅၉၄ ၀၀၀ ကို နှိမ်နင်းခဲ့

တရုတ်က  ဇူလိုင်လအထိ ၁၅ လအတွင်း တယ်လီကွန်းနှင့် အင်တာနက်လိမ်လည်မှုပေါင်း ၅၉၄ ၀၀၀ ကို နှိမ်နင်းခဲ့

တရုတ်နိုင်ငံသည် အစစ်အမှန်ဟုထင်ရသေ ာထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံရန် လူများကို ဆွဲဆောင်သူ အွန်လိုင်းလူလိမ်များ၏ အန္တရာယ်များကြား ရောက်နေကာ ယင်းဖြစ်ရပ်များသည် လူများ၏ အထောက် အထားနှင့် စုဆောင်းငွေများကို ဆုံးရှုံးစေနိုင်ကြောင်းNikkei Asia က ဖော်ပြသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ၁၅ လအတွင်း တယ်လီကွန်းနှင့် အင်တာနက်လိမ်လည်မှုပေါင်း ၅၉၄ ၀၀၀ ကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကား၍ Nikkei Asia က ဖော်ပြခဲ့သည်။

ထို့ပြင် အာဏာပိုင်များသည် လူပေါင်း ၁ ဒသမ ၅ သန်း၏ ယွမ်ငွေ ၃၂၉ ဒသမ ၁ ဘီလီယံကို လိမ်လည် သူများ ထံသို့ လွှဲပြောင်းခြင်းအား ရပ်တန့်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ 

အခြေခံအားဖြင့် လိမ်လည်သူများသည် အွန်လိုင်း၌စကားပြောခြင်းကဲ့သို့သော ဆက်သွယ်ရေး နည်းလမ်းအမျိုးမျိုးဖြင့် ပစ်မှတ်များနှင့် ခင်မင်ရင်းနှီးအောင်လုပ်ဆောင်ကြသည်။ အလိမ်ခံရသူများသည် သူစိမ်းများကို ယုံကြည်စပြုလာပြီး စုဆောင်းငွေများကို လွှဲပြောင်းပြီးနောက် ဖုန်း သို့မဟုတ် ကွန်ပျူတာမှ တစ်ဆင့်လိမ်လည်သူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလာကြသည်။

လိမ်လည်လှည့်ဖြားသူများသည် အများအားဖြင့် အုပ်စုလိုက်လုပ်ဆောင်ကြပြီး ရံဖန်ရံခါ ခရစ်ပတို ငွေကြေးများနှင့် အတုအယောင်ထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံရန်  လူများကို ဖြားယောင်းကြသည်။ ရာဇဝတ်မှုများကြောင့် ဒေါ်လာ ဘီလီယံရာနှင့်ချီ ဆုံးရှုံးခဲ့ရပြီး အချို့မှာ သေကြောင်းကြံသည်အထိ ဖြစ်ပေါ် စေခဲ့သည်။

ယခုလအစောပိုင်းတွင် တရုတ်ဥပဒေပြုအမတ်များသည် ပြဿနာကို အရေးပေါ်တုံ့ပြန်သည့်အနေဖြင့် များပြားလှသော တယ်လီကွန်းနှင့် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် ဥပဒေတစ်ရပ်ကို အတည်ပြု ခဲ့သည်။

ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည့် ဥပဒေသစ်သည် ရဲတပ်ဖွဲ့ဝင်များအား ပြည်ပတွင် သံသယရှိသူများကို လိုက်ရှာရန် အခွင့်အာဏာပေးထားကာ လိမ်လည်သူများကို ကူညီရှာဖွေရန် တယ်လီကွန်းကုမ္ပဏီများနှင့် ဘဏ်များကို ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly