တရုတ်တွင် ဆိုးရွားသော စီးပွားရေး ပြဿနာများ ရင်ဆိုင်နေရ

တရုတ်တွင် ဆိုးရွားသော စီးပွားရေး ပြဿနာများ ရင်ဆိုင်နေရ

တရုတ်စီးပွားရေးအခြေအနေမှာဆိုးရွားနေပြီး ယင်းပုံစံအတိုင်းအချိန်အတော်ကြာအောင် တည်ရှိနေနိုင်သည်။

တိုးတက်မှုရပ်တန့်ပြီး လူငယ်အလုပ်လက်မဲ့နှုန်းစံချိန်တင်မြင့်မားနေကာ အိမ်ရာဈေးကွက်ပြိုလဲနေချိန်တွင် ကုမ္ပဏီများသည် ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစဉ် အခက်အခဲများနှင့် အကြိမ်ကြိမ် ရုန်းကန်နေရသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးသည် ဆိုးရွားသော  မိုးခေါင်မှု၏ အကျိုးသက်ရောက်မှုနှင့် ရင်ဆိုင်နေရပြီး ယင်း၏ကြီးမားသော အိမ်ခြံမြေကဏ္ဍသည် အကြွေးများလွန်းခြင်း၏ အကျိုးဆက်များကို ခံစားနေရသည်။

သို့သော် တရုတ်အစိုးရက တင်းကျပ်သောကိုဗစ်ကင်းစင်ရေးမူဝါဒကိုလိုက်နာခြင်းကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး၂၀၂၂ခုနှစ်တွင်ပြောင်းလဲမည့်အရိပ်အယောင်မရှိဟု CNN ကဖော်ပြခဲ့သည်။
 
လွန်ခဲ့သည့်နှစ်ပတ်အတွင်း၊မြို့ကြီး၈မြို့တွင်အလုံးစုံသို့မဟုတ်တစ်စိတ်တစ်ပိုင်းကန့်သတ်ပိတ်ဆို့ခဲ့သည်။

ယင်းကုန်ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်ရေး၏အဓိကအချက်အချာကျသောနေရာများတွင်လူပေါင်း၁၂၇သန်းနေထိုင်ကြသည်။

နိုင်ငံတစ်ဝန်းတွင်အနည်းဆုံးမြို့ပေါင်း၇၄မြို့ကိုသြဂုတ်လနှောင်းပိုင်းမှစတင်၍ပိတ်ထားခဲ့ပြီးနေထိုင်သူ၃၁၃သန်းကျော်ကိုထိခိုက်စေခဲ့ကြောင်း CNN ၏အစိုးရစာရင်းအင်းများကိုအခြေခံ၍တွက်ချက်မှုများကဖော်ပြခဲ့သည်။

ပိတ်ဆို့ကန့်သတ်မှုများကြောင့် သက်ရောက်မှုရှိသောမြို့များသည် တရုတ်ပြည်တွင်း အသားတင် ထုတ်လုပ်မှု(GDP) ၏၃၅ရာခိုင်နှုန်းအထိရှိသည်ဟုပြီးခဲ့သည့်သီတင်းပတ်က အမေရိကန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ Goldman Sachs  က ခန့်မှန်း ခဲ့သည်။

စီးပွားရေးသည်လာမည့်လအနည်းငယ်အတွင်းဆက်လက်ဆိုးရွားနေဦးမည်ဖြစ်ကြောင်း ANZ သုတေသန၏ မဟာတရုတ်စီးပွားရေးပညာရှင်ရာမွန်ယောင်ကပြောကြားခဲ့သည်။

ပါတီညီလာခံ နီးကပ်လာသည်နှင့်အမျှဒေသဆိုင်ရာ အစိုးရများသည် "ကိုဗစ်လုံးဝကင်းစင်ရေးကို ဦးစားပေးပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုချေမှုန်းရန်"  ပိုမိုစိတ်ပါဝင်စားလာမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly