အရှေ့အလယ်ပိုင်းဒေသတွင် အီရန်အထီးကျန်ဖြစ်နေချိန်၌  တရုတ်၏လှည့်ကွက် အောင်မြင်နိုင်  

အရှေ့အလယ်ပိုင်းဒေသတွင် အီရန်အထီးကျန်ဖြစ်နေချိန်၌  တရုတ်၏လှည့်ကွက် အောင်မြင်နိုင်  

အီရန်နိုင်ငံသည် အထီးကျန်နေပြီး ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ကြုံတွေ့နေရချိန်တွင် အရှေ့အလယ်ပိုင်း ရှိ တရုတ်၏  လှည့်ကွက်အများအပြား အောင်မြင်နိုင်ဖွယ်ရှိနေသည်။

နျူကလီးယားပြဿနာကို မဖြေရှင်းနိုင်သည့် အီရန်သည်  နိုင်ငံတကာ စာမျက်နှာတွင် ပိုမိုအထီးကျန်လာပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်း ကစားနည်းအစီအစဉ်ထဲသို့ အရှေ့အလယ်ပိုင်းနိုင်ငံအား ဆွဲသွင်းရန် တရုတ်အတွက် အကောင်းဆုံးအခြေအနေဖြစ်စေသည်။

အီရန်သည် တရုတ်ကြီးစိုးသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဝန်းအဝိုင်းထဲသို့ရောက်ရှိနေပြီး BRICS အဖွဲ့တွင် ပါဝင်ခွင့်ရရန် စောင့်ဆိုင်းနေချိန်မှာ ၎င်း၏စီးပွားရေးအကျပ်အတည်းကို ကျော်လွှားရန်နှင့် နိုင်ငံတကာအလယ်အထီးကျန်မှုကို အဆုံးသတ်ရန် ကူညီနိုင်သော တရုတ်အာဏာရှင်အစိုးရကို မဟာမိတ်အဖြစ် တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံသည် အီရန်အား ၎င်း၏ အရေးပါသော ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် မဟာဗျူဟာနှင့် စွမ်းအင်လုံခြုံရေးကို ဖြည့်ဆည်းပေးနိုင်သည့် မိတ်ဆွေအဖြစ်လည်း ရှုမြင်ကြောင်း Al Arabiya Post က ဖော်ပြခဲ့သည်။

တရုတ်သည် အီရန်ထံမှ ရေနံကို ဈေးပေါပေါနှင့် အလွယ်တကူ ရရှိနိုင်ပြီး ၎င်း၏ ရေနံသိုလှောင်မှုကို ဖြည့်စွမ်း နိုင်သောကြောင့် တရုတ်အာဏာပိုင်များသည် လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေကို ကျေးဇူး တင်ရမည် ဖြစ်သည်။

အီရန်သည် ပိတ်ဆို့အရေးယူမှုများ ခံနေရသော်လည်း တရုတ်နိုင်ငံသို့ ရေနံစိမ်း အမြောက်အမြား ဆက်တိုက် ပို့ဆောင်နေရသည်။  ဘရပ်စဲလ်အခြေစိုက် ဒေတာနှင့် ခွဲခြမ်းစိတ်ဖြာမှုကုမ္ပဏီ Kpler၏ အဆိုအရ အီရန်သည် မေလနှင့် ဇွန်လတွင် တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၇ သိန်းကျော် တင်ပို့ခဲ့သည်။

တရုတ်သည် အီရန်၏ သတ္တုတူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် နှစ်ပေါင်းများစွာ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး တရုတ်အား အီရန်၏ သဘာဝဓာတ်ငွေ့နှင့် ရေနံသိုက်များကို အဟန့်အတားမရှိ ဝယ်ယူနိုင်စေသည်။

တရုတ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် ၎င်း၏ခြေရာတိုးချဲ့ရန်စိန်ဝင်စားလာကတည်းက ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားနှင့် ဘက်အယ်မန်ဒပ်ရေလက်ကြားပတ်လည်ရှိ ဗျူဟာမြောက်နေရာများပါဝင်သော စတုရန်းကီလိုမီတာ ၉၇ ၈၆၀ ရှည်လျားသော ကမ်းရိုးတန်းကို မျှဝေအသုံးပြုရန်အတွက် တရုတ်က အီရန်ကို မျက်စိကျလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly